မြန်မာ့လက်ရွေးစင်အသင်းဟာ လာမည့် နိုဝင်ဘာ ၇ ရက်တွင် နီပေါအသင်းနှင့် ခြေစမ်းပွဲ၊ နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် ပဏာမလူစာရင်းကို ထုတ်ပြန်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှကစားသမား (၅) ဦး ရွေးချယ်ခံခဲ့ရပါတယ်။

photo credit :Yangon United Football Club 's facebook
photo credit :Yangon United Football Club 's facebook

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမားစရင်းမှာ မြန်မာနေရှင်နယ်လိဒ်တွေင် ခြေစွမ်းပြနေတဲ့ ကျော်ဇင်ထက် (ဂိုး)၊ ပြည့်ဖြိုးဇော် (နောက်တန်း)၊ ငြိမ်းချမ်းအောင် (အလယ်တန်း)၊ မောင်မောင်လွင် (အလယ်တန်း) နှင့် သန်းပိုင် (ရှေ့တန်း) တို့ ပါဝင်ခဲ့ကြပြီး နိုဝင်ဘာ ၅ ရက်နေ့မှစတင်ကာ မန္တလေးမြို့တွင် လေ့ကျင့်ကြမည်ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာလက်ရွေးစင်အသင်းဟာ နည်းပြသစ်အဖြစ် အန်တွမ်နီဟေးကို ခန့်အပ်ထားခဲ့တာပဲ ဖြစ်ပြီး၂၀၂၀ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်မီ နီပေါအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲဟာ နည်းပြသစ်ဖြစ်လာတဲ့ အန်တွမ်နီဟေး ကိုယ်တွယ်မယ့် ပထမဆုံးသော ပွဲဖြစ်ပါတယ်။မြန်မာအသင်းဟာ နည်းပြချုပ်အဖြစ်မှ ရာဂျူလိုဗစ်ကို ထုတ်ပယ်ပြီး လက်ရွေးစင်အသင်းနည်းပြဟောင်းအန်တွမ်နီဟေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။

source:Yangon United Football Club 's facebook  

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။