ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ ကမ္ဘာအနှံ့မှာရှိတဲ့ ရေအောက်မြို့တော်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားဖွယ်ရှိအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ထိုကြီးကျယ်ခမ်းနားလှတဲ့ ရေအောက်နန်းတော်ကြီးများကတော့ "Cleopatra Palace" (ကလီယိုပါတ်ထွာ ဘုရင်မ ဗိမ္မာန်)၊ တရုတ်နိုင်ငံမှာရှိတဲ့ "Lion City"၊ "Underwater Jesus"၊ Atlantis City (ဘာမြူဒါ တြိဂံ)"...အစရှိတာတွေပဲဖြစ်ပါတယ်...။ ထိုရေအောက်နန်းတော်ကြီးများကတော့ သမိုင်းကိုယ်စီနဲ့ အမှန်တစ်ကယ် တည်ရှိခဲ့တာဖြစ်ပါတယ်...။

Photo Credit Once A Glance Page
Photo Credit Once A Glance Page

"Cleopatra Palace" ကလီယိုပတ်ထွာ ဘုရင်မ နန်းတော်..... "332" BC လောက်မှာ ဂရိတ်နိုင်ငံသား Alexander ဆိုသူက Alexander မြို့ကြီးကို တည်ထောင်ခဲ့တာဖြစ်ပါတယ်...။ သူသေဆုံးပြီး နှစ်ပေါင်း ၃၀၀ကျော်လောက်မှာ ကလီယိုပတ်ထွာ ဘုရင်မက နန်းတက်ခဲ့ပြီး ကလီယိုပတ်ထွာ နန်းတော်ဖြစ်လာခဲ့ပါတယ်...။ သူမအုပ်ချုပ်ခဲ့စဉ် ထိုနန်းတော်ကြီးဟာ အလွန်ပင် စည်ကားသိုက်မြိုက်ခဲ့ပါတယ်...။ နောက်ပိုင်းမှာ ထိုဘုရင်မက ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်...။ "Cleopatra" နာမည်နဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်မယ်ဆို အသေးစိပ် သိရှိရမှာဖြစ်ပါတယ်...။ ထိုနန်းတော်ကြီး ရေအောက်မြို့တော်ဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ ကြီးမားတဲ့ ငလျင်နှင့် ဆူနာမီဒဏ်ကြောင့်ပဲဖြစ်ပါတယ်....။ 

Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page

"Lion City" ခြင်္သေ့မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ နန်းတော်ကြီးကတော့ တရုတ်ပြည်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်....။ ထိုနစ်မြုပ်သွားတဲ့ မြို့ကြီးကတော့ ရှေးကျတဲ့ မြို့ဖြစ်ပြီး စက်မှု၊လက်မှု နည်းပညာတွေဖွံ့ဖြိုးခဲ့တာဖြစ်ပါတယ်...။ ဘာလို့လဲဆိုတော့ ဟိုးရေအောက် မီတာ၂၀လောက်မှာ တွေ့ရှိခဲ့ရတဲ့ ဗိသုကာလက်ရာမြောက် ရုပ်ထု၊ အဆောက်အအုံတွေကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်...။ "Lion City"လို့ ခေါ်ရတဲ့ နောက်ထပ်အကြောင်းအရင်းကတော့ ထိုရေအောက်နန်းတော်ကြီးကို ခြင်္သေ့တောင် ငါးလုံးကလွှမ်းမိုးထားလို့ပဲဖြစ်ပါတယ်...။ ဘာမြူဒါတြိဂံ အောက်မှာ ထူးဆန်းဖွယ် နစ်မြုပ်ခဲ့တာကတော့ အတ္တလန်တစ်ရေအောက်မြို့တော်ဖြစ်ပြီး၊ "Underwater jesus" ကတော့ အီတလီနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ရေအောက်မြို့တော်ကြီးပဲဖြစ်ပါတယ်...။ ရာဇဝင် အမျိုးမျိုး၊ သမိုင်းအမျိုးမျိုးကြောင့် နစ်မြုပ်နေခဲ့တဲ့ မြို့တော် ကြီးတွေပဲဖြစ်ပါတယ်...။ သိပ္ပံ ပညာရှင်တွေကတော့ လွန်ခဲ့ တဲ့ နှစ်ပေါင်း 1000 ခန့်တွင် ကြီးမားသော မြေငလျင် တွေကြောင့်လို့ တစ်ညီတစ်ညွတ်ထဲပြောခဲ့ကြပါတယ်...။

Source Once A Glance Page

Photo Credit Once A Glance Page

Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။