မေလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေသူလေးပါ..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အေးချမ်းတဲ့ အလှတရားတွေအပြင် သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်နော်..။


Photo By – May Myint Mo’s Facebook
Photo By – May Myint Mo’s Facebook
Photo By – Myanmarload

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ ပြည်သူ့အသည်းကျော်လေး မေကတော့ အေးချမ်းပြီး ကျော့ရှင်းတဲ့ သူမရဲ့ပင်ကိုယ်အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို အမြဲဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်နော်..။

၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း ဖြစ်တဲ့ ဇာတ်ကားကန်တော့ပွဲ အခမ်းအနားကို အေးချမ်းတဲ့ ချစ်စဖွယ်အလှပုံရိပ်လေးတွေနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်..။


Photo By – Myanmarload
Photo By – May Myint Mo’s Facebook
Photo By – May Myint Mo’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော်လေး မေမြင့်မိုရ်ကတော့ အခုတစ်ခါမှာလည်း ကျော့ရှင်းပြီး ဆွဲဆောင်မှုတွေရှိလွန်းတဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေနဲ့ ချစ်ပရိသတ်တွေကို အချစ်ပိုအောင် ညို့ယူဖမ်းစားလိုက်ပြန်ပါတယ်နော်..။

“Legends of Warriors တစစ်တမက် ကိုယ်နှင့်သက်ကို” ဇာတ်ကားမှာလည်း ဆရာဝန်မလေးအဖြစ် ပရိသတ်တွေကို အချစ်ပိုစေဦးမှာဖြစ်ပြီး မကြာခင်မှာ ရိုက်ကူးတော့မယ့် မေလေးရဲ့ ဇာတ်ကားလေးကိုလည်း အားပေးကြမှာ မဟုတ်လား ပရိသတ်ကြီး….။

Photo By – May Myint Mo’s Facebook
Photo By – Myanmarload
Photo By – Myanmarload
Photo By – Myanmarload

Photo By – Myanmarload & May Myint Mo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။