ယွန်းဝတီလွင်မိုးရဲ့ တစ်ဦးတည်းသော သားရတနာလေး Liam လေးဟာ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ကလေးတစ်ယောက်ပါ။ သားလေးဟာ ဖိုးဖိုးလွင်မိုးနဲ့ ချွတ်စွပ်တူတယ်လို့လည်း ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။ သားလေးရဲ့ လှုပ်ရှားမှုတွေဟာလည်း ကြည့်ရှုသူပရိသတ်တိုင်းကို အသည်းယားစေတာပါ။

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

သားလေးဟာ အသက်တစ်နှစ်ကျော်သွားပြီပဲဖြစ်ပြီး လမ်းကောင်းကောင်းလျှောက်တတ်နေပါပြီ။ မေမေခေးလေးကတော့ သြစတေးလျနိုင်ငံတွင် ပညာသင်ကြားနေရတဲ့အတွက် သားလေးကို နှစ်ဖက်အဖိုးအဖွားများက ပြုစုစောင့်ရှောက်နေကြတာပါ။ ဖိုးဖိုးလွင်မိုးကတော့ မြေးလေးကို ချစ်စနိုးလေးနဲ့ ဖိုးချစ်လေးလို့ ခေါ်ဆိုကြတာပါ။ လီလီလုံးလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။  

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

အခုတစ်ခါမှာလည်း အရုပ်လေးတွေနဲ့ ချစ်စရာကောင်းလောက်အောင် ဆော့ကစားနေတဲ့ လီလီလုံးလေးရဲ့ ဗီဒီယိုလေးကို တီတီယွန်းနဒီရဲ့ Instagram Stories မှာ တင်ထားတာပါ။ လီလီလုံးလေးဟာ အရုပ်လေးတွေနဲ့ ဆော့ကစားနေရရင်ကိုပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Yunnandy's Instagram Stories

Photo Credit - May Thu's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။