ညီညီမောင် (စမ်းချောင်း) ဆိုတဲ့နာမည်နဲ့ အောင်မြင်ကျော်ကြားနေတဲ့ သုသုကတော့ တကယ့်ကိုအရည်အချင်းရှိတဲ့ မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သုသုက ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။ သုသုက " ကျားကျားကြိုက်ကြိုက် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB

လတ်တလောမှာတော့ သုသုတစ်ယောက် သူငယ်ချင်းဖြစ်တဲ့ မိတ်ကပ်မထက်၊ မိတ်ကပ်လင်းလင်း၊ မိတ်ကပ်ခင်စန်းဝင်းတို့နဲ့အတူ ကြော်ငြာလေးတွေတောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှလာတဲ့ သုသုက အခုလည်း အမိုက်စားအပြင်အဆင်နဲ့ ပုံရိပ်တွေကို ချပြလိုက်ပါတယ်။ မနေ့ညက Halloween မှာ သုသုတစ်ယောက် ယုန်မလေးအသွင်နဲ့ အပြတ်အသတ်လန်းနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Nyi Nyi Maung's FB

လူမှားသွားရလောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့ Sexy ဆန်ဆန် လှနေတဲ့သုသုရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကိုထိမိနေတာပဲ ဖြစ်ပါတယ်။ သုသုကတော့ "Happy Halloween " ဆိုပြီး ညို့အားပြင်းပြင်းနဲ့ ပို့စ်ပေးထားတဲ့ ပုံအလန်းလေးတွေကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Halloween ပွဲမှာ ယုန်မလေးအဖြစ် မြင်တွေ့ရမယ့် သုသုရဲ့အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nyi Nyi Maung's FB 

Photo Credit-Nyi Nyi Maung's FB
Photo Credit-Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။