ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ အနုပညာလောကမှာ နှစ်အတော်ကြာအောင် ရပ်တည်အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အဆိုတော်အဖြစ် သီချင်းအခွေတွေထွက်ရှိအောင်မြင်ခဲ့တဲ့ ဆုပန်ထွာက ယနေ့အချိန်အထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဆုပန်ထွာက ချစ်ခင်ပွန်း၊ သားလေးတို့နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ရရှိထားပါသေးတယ်။

Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB

လက်ရှိမှာတော့ ဆုပန်ထွာက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ခဏတာခွဲခွာပြီး နိုင်ငံခြားကို ရောက်ရှိနေတဲ့ ဆုပန်ထွာကတော့ Halloween ပွဲလေးမှာပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ မနေ့ညက ကျင်းပပြုလုပ်တဲ့ Halloween Night မှာ ဆုပန်ထွာက အနက်ရောင်ကြောင်မလေးသဖွယ် ပြင်ဆင်ခြယ်သပြီး ပျော်ရွှင်စရာကောင်းတဲ့ညလေးကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB

အခုလည်း ဆုပန်ထွာက " Fun Experience at Halloween Night. " ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ ဆုပန်ထွာတစ်ယောက် ကြောင်နက်မလေးအသွင်နဲ့ အရမ်းချစ်ဖို့ကောင်းနေသလို ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Halloween ညလေးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဆုပန်ထွာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Supan Htwar's FB 

Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB
Photo Credit-Supan Htwar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။