ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေကျနေရသူကတော့ သရုပ်ဆောင် မင်းသားချောလေး ဒေါင်းပါ။ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးနေရသူတစ်ယောက်ပါ။ သူ့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေ လက်ခံအားပေးလာတဲ့ ပြည်သူချစ်မင်းသားတစ်လက်အဖြစ် ရပ်တည်နေတာပါ။  

Photo Credit - Daung's Facebook
Photo Credit - Daung's Facebook
Photo Credit - Daung's Facebook

လတ်တလောမှာလည်း ဒိတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်တဲ့ သက်မွန်မြင့်၊ ဖွေးဖွေးတို့နဲ့အတူ " Love Equation " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ပြသတော့မှာပါ။ ဒါ့အပြင် လတ်တလောမှာလည်း ကြော်ငြာလေးတွေပါ ရိုက်ကူးနေတာပါ။ 

Photo Credit - Daung's Facebook
Photo Credit - Daung's Facebook
Photo Credit - Daung's Facebook

သူ့ရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေလည်း မကြာခဏတင်လေ့ရှိရာ အခုတစ်ခါမှာလည်း မျက်မှန်လေးတပ်ကာ အထာကျကျနဲ့ ကော်ဖီသောက်နေတဲ့ ဒေါင်းရဲ့ ဗီဒီယိုလေးကို instagram လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားတာပါ။ သူ့ရဲ့ အမူအရာတိုင်းဟာလည်း နှုတ်ခမ်းနီမလေးတွေကို ဆွဲဆောင်ထားနိုင်တာပါ။ ပရိသတ်တွေအတွက် ဒေါင်းရဲ့ အမိုက်စား ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Daung-actor's Instagram

Photo Credit - Daung's Facebook  

View this post on Instagram

Coffee break #daungactor #peachicksdaung

A post shared by Thuya Aung (@daung_actor) on

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။