ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ သားသမီးလေးယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။နိုင်းနိုင်းရဲ့ မိသားစုလေးက နယူးယောက်မှာ နေထိုင်ကြပြီး နိုင်းနိုင်းကတော့ နယူးယောက်မှာလည်း နေထိုင်သလို မြန်မာပြည်ပြန်လာပြီးတော့လည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook

နိုင်းနိုင်းက ကလေးလေးယောက်အဖေဖြစ်ပေမယ့်လည်း ယနေ့အချိန်ထိတိုင် ခန့်ညားချောမောခြင်းတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်ဖြစ်နေဆဲဖြစ်ပါတယ်။လက်တလောမှာလည်း နိုင်းနိုင်းက မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး အလုပ်တွေကို လုပ်ဆောင်နေတာကြောင့် မိသားစုနဲ့တော့ ခဏလေးခွဲနေရတာဖြစ်ပါတယ်နော်

Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook

နိုင်းနိုင်းရဲ့ချစ်ဇနီးချောနဲ့ သားသမီးတွေကလည်း နယူးယောက်မှာ အေးအေးချမ်းချမ်းနေထိုင်နေကြပြီး အခုဆိုရင်တော့ 2019 Halloween Night မှာ တစ်ယောက်တစ်မျိုးစီ ဒီဇိုင်းအလန်းစားတွေဝတ်ဆင်ထားကြပြီး နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေးကတော့ ကာတွန့်ဇာတ်ကောင်ရဲ့ပုံစံလေးနဲ့ အရမ်းချစ်စရာကောင်းနေကာ သားအမိတွေပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook
Photo Credit:စန္ဒီချို Facebook

Photo Credit:စန္ဒီချို Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။