မြန်မာပြည်ရဲ့ နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ သဥ္ဇာဝင့်ကျော်ကတော့ လပြည့်နေ့က ပုပ္ပါးကို ရောက်ရှိခဲ့တယ်လို့ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။ မြန်မာပြည် အလယ်ပိုင်း အညာဒေသမှာ ရှိပြီး ပုပ္ပါးမယ်တော်နဲ့အတူ အခြားသော နတ်ဒေဝါတွေရဲ့ နတ်ကွန်းတွေရှိပြီး ရက်ထူးရက်မြတ်တွေမှာ အင်မတတ်စည်ကားလှတယ်လို့ သိရပါတယ်။

သဥ္ဇာကတော့ မြန်မာဆန်ဆန် အကျႌနဲ့ ထဘီလေးကို ဝတ်ဆင်ထားပြီး ကျက်သရေရှိလှပနေတာ တွေ့ရပါတယ်။ ပုပ္ပါးရောက် အမှတ်တရ ဓာတ်ပုံလေးတွေကို သူမရဲ့ ပရိသတ်တွေဆီမျှဝေပေးခဲ့ပြီး သူမ မျောက်လေးတွေကို အစာကျွေးနေတဲ့ ပုံလေးတွေကတော့ ပရိသတ်တွေကြား ချစ်စရာကောင်းလွန်းလို့ဆိုပြီး နာမည်ကြီးလို့နေပါတယ်။

သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးထားတဲ့ "ရွှေကြာ" ဇာတ်ကားမှာဖွေးဖွေး အလင်းရောင်တို့နဲ့အတူ ပါဝင်ရိုက်ကူးထားကြီး အခြားသော ကြော်ငြာတွေကိလည်း ရိုက်ကူးလျက်ရှိနေတယ်လို့ သိရပါတယ်။

Source: Thin Zar Kyaw

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။