ချစ်ပရိသတ်ကြီးရေ......ဗဟုသုတ ကဏ္ဍအစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ကိုလန်ဘတ်စတင်ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းအံ့သြဖွယ်ကောင်းသော ဘာမြူဒါ တြိဂံအကြောင်းကို စိတ်ဝင်စားဖွယ် ဖြစ်အောင် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်ကတည်းက လူပေါင်းတစ်ထောင်ကျော်လောက်ရဲ့ အသက်တွေဟာ ဘာမြူဒါမှာ ရှိခဲ့တယ်လို့ ပြောဆိုမှုတွေအရသိရပါတယ်...။ ဒီလိုကံဆိုးခဲ့တဲ့ လူအရေအတွက်က များလွန်းတယ်လို့ဆိုရမှာဖြစ်ပြီး ဘာမြူဒါတြိဂံရဲ့ ပထမဦးဆုံးရာဇဝင်ကို စတင်ကျွမ်းဝင်နှီးနှောခဲ့သူက ခရစ်စတိုဖါ ကိုလန်ဘတ်ဆိုသူပဲဖြစ်ပါတယ်...။ များစွာသောသတင်းအချက်အလက်တွေက ကိုလန်ဘတ်ရဲ့ ခရီးစဉ်ကနေစပြီး တိုက်ရိုက်ရရှိခဲ့တာဖြစ်ပါတယ်...။ ဒါကြောင့် သူ့ရဲ့ကမ္ဘာသစ်ကို လှမ်းတဲ့ ခြေလှမ်း နောက်ကနေ ကျွန်ုပ်တို့ ခြေရာခံ လိုက်နိုင်ခဲ့တာဖြစ်ပါတယ်...။

Photo credit pngtree

ကိုလန်ဘတ်က "Sargasso sea"ကို ဝင်တဲ့အခါမှာ ပထမ ဦးဆုံးသော ပြဿနာနဲ့ စတင်ကြုံတွေ့ခဲ့ပါတယ်...။ သူ့ရဲ့ သင်္ဘောသားတွေက ပင်လယ်ပျော် ငှက်နဲ့၊ ကုန်းတွင်ပိုင်းနေတဲ့ ငှက်တွေကိုမြင်တော့ သင်္ဘောသားတွေ အံအားသင့်စွာ ကြည့်ရှုခဲ့ကြပါသေးတယ်...။ ဒါပေမဲ့ ရက်အနည်းငယ်ကြာတော့ ဘာကုန်းမြေမှ မတွေ့ရတဲ့အပြင် သူရဲ့ အားထားရတဲ့ အရပ်ညွှန်ပြတဲ့ သံလိုက်အိမ်မြောင် ဖေါက်လွဲဖေါက်ပြန်ဖြစ်ခဲ့ပါတယ်...။ ထိုကိစ္စတွေကို သူ့ရဲ့ သင်္ဘော သားတွေ စိုရိမ်ပူပန်မူ မဖြစ်ရလေအောင် ဖုန်ကွယ်ထားခဲ့ပါတယ်...။

Photo credit pngtree

ရက်အနည်းငယ်ကြာတော့ ကောင်းကင်ကနေ ဥက္ကာပြန် တစ်ခုကမ္ဘာပေါ်ကိုကျလာခဲ့ပြီး သူက အဲ့ဒါကို ကြီးမားတဲ့ အလင်းရောင်ဘောလုံး လို့ ဖေါ်ပြထားခဲ့ပါတယ်...။ ဒါမေဲ့ သိပ်တော့ မကြိမ်းသေပါဘူး...။ သူမြင်ခဲ့တဲ့ အရာက အရွယ်အစား တော်တော်ကြီးတယ် နောက် ပြီး အံ့သြ ဖို့ကောင်းနေလို့ပါတဲ့ (UFO ဖြစ်နိုင်ပါတယ်နော်)...။ နောက်တော့ ကိုလန်ဘတ်နဲ့ သူ့ သင်္ဘောသားအနည်းငယ်ဟာ မိုးကုတ်စက်ဝိုင်းမှာ ထိုးထိုးထောင်ထောင် အလင်းရောင်တွေ ကို မြင်ခဲ့ရပါသေးတယ်...။ ဒါတွေက သူတို့ကုန်းမြေတစ်ခုကို မတွေ့ရမှီ တစ်ပါတ် ကျော်ကျော်လောက် ကာရေဘီယံ ပင်လယ် (ဘာမြူဒါတြိဂံထဲ)က အံသြစရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်...။ ကိုလန်ဘတ်ခေတ် က စလို့ သင်္ဘောအစီး ၁၀၀ l လေယာဉ်ပျံတွေ နှင့် လူ့အသက်ပေါင်း ၁၀၀၀ လောက်ဟာ ပျောက်ဆုံးခဲ့ပြီဟု သတင်းတွေအရ သိရှိခဲ့ရတာဖြစ်ပါတယ်...။

source Once A Glance Page

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။