photo credit - Team Cyanide Facebook page
photo credit - Team Cyanide Facebook page

WESG Sea Regional Final ပြိုင်ပွဲကြီးကတော့ မနေ့က October လ 31 ရက်နေ့မှာ Malaysia နိုင်ငံ ကွာလာလမ်ပူ မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးကိုတော့ Sea Reagion ကမှာရှိတဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံက အကောင်းဆုံး Dota 2 team တွေဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး မြန်မာနိုငံကိုယ်စားပြုအနေနဲ့ကတော့ Team Cyanide က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပါတယ်။

Group stage ခွဲတဲ့အချိန်မှာတော့ Team Cyanide ဟာ

Tiny Airline ( from Cambodia )

Aggressive Slayer ( From Laos )

Team Resurgence ( from Singapore )

Dotahero ( from Malaysia )

တို့နဲ့ group တစ်ခုထဲ ကျခဲ့ပြီး

ပထမဆုံးပွဲစဉ်အနေနဲ့ Tiny Airline နဲ့ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင် ဆော့ကစားနိုင်ခဲ့ပါတယ်။

ဒုတိယမြောက်ယှဉ်ပြိုင်တဲ့ Aggressive Slayer နဲ့ပွဲစဉ်မှာတော့ ကံအကြောင်းမလှလို့ ရှုံးနိမ့်ခဲ့ပေမယ့် တတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Dotahero နဲ့ပွဲစဉ်မှာ အနိုင်ရလာဒ်ရရှိအောင် ဆော့ကစားနိုင်ခဲ့ပါတယ်။

Group stage နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စင်ကူပူနိုင်ငံကိုယ်စားပြု Team Resurgence နဲ့ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာဆိုရင်လည်း မြန်မာ အသင်း Team Cyanide ဟာ သူတို့ရဲ့အကောင်းဆုံး အတွေ့အကြုံတွေကိုအသုံးချကာ အနိုင်ရရှိအောင်ဆော့ကစားနိုင်ခဲ့တဲ့အတွက် WESG Sea 2019 Regional Final ပြိုင်ပွဲကြီးရဲ့ semi final ကိုတက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

စုစုပေါင်းနိုင်ငံဆယ်နိုင်ငံက အကောင်းဆုံး Dota 2 team တွေဝင်ပြိုင်တဲ့ပြိုင်ပွဲကြီးမှာ ထိပ်ဆုံးလေးနိုင်ငံနေရာအထိ တက်ရောက်ထားနိုင်ခဲ့သလို မလေးရှားနိုင်ငံထိသွားရောက်ပြီး မြန်မာတို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးနေတဲ့ Team Cyanide က Dota 2 players တွေရဲ့ ကြိုးစားမှုကို ဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ပြပါဦး။

photo credit - Team Cyanide Facebook page
photo credit - Team Cyanide Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။