ပရိသတ်ကြီးရေ.. လတ်တလောမှာ ထုတ်လွှင့်ပြနေတဲ့ Dancing with the Stars Myanmar ပြိုင်ပွဲကြီးကတော့ အကဝါသနာရှင်တွေအပြင် အနုပညာရှင်များစွာကလည်း ပါဝင်ယှဉ်ပြိုင်နေကြတဲ့ အစီအစဉ်ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မေကဗျာ၊ ဆုအိမ့်စံ၊ ဟန်တီ၊ မျိုးကိုကိုဆန်းနဲ့ သဇင်နွယ်ဝင်းတို့ကလည်း Dancing with the Stars Myanmar ပြိုင်ပွဲကြီးမှာ အတွဲကိုယ်စီနဲ့ အသီးသီး ပါဝင်ယှဉ်ပြိုင်နေကြတာကို ပရိသတ်ကြီးများ အသိပါပဲနော်..။


Photo Credit - may kabyar’s Facebook
Photo Credit - Myo Ko Ko San’s Facebook
Photo Credit - Han Thi’s Facebook

Dancing with the Stars Myanmar ပြိုင်ပွဲကြီးကတော့ ဆွဲဆောင်မှုရှိပြီး ဆန်းသစ်တဲ့ ကကွက်ဖန်တီးမှုတွေနဲ့ အမိုက်စားဖမ်းထားကြတဲ့ သူတို့ရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေမြှင့်တက်နေပြီး ရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဟာ အကပြိုင်ရင်း ဆွဲဆောင်မှုရှိရှိ အတူဓာတ်ဖမ်းထားကြတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်နော်..။


Photo Credit - Hsu Eaint San’s Facebook
Photo Credit - Myo Ko Ko San’s Facebook
Photo Credit - Hsu Eaint San’s Facebook

ရွေးရခက်လောက်အောက် တစ်ယောက်တစ်မျိုးစီ မရိုးနိုင်တဲ့ အလှတွေနဲ့ နတ်မိမယ်လေးတွေလို ချစ်ဖို့ကောင်းနေကြတဲ့ အမိုက်စားပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေသလို တကယ်ပဲ ဖမ်းစားထားနိုင်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ Myanmarload မှ ချစ်ပရိသတ်တွေအားလုံးအတွက် သူမတို့ရဲ့ အုပ်စုလိုက် ဓာတ်မမ်းထားကြတဲ့ ပုံရိပ်လေးတွေကို မျှဝေတင်ဆက်ပေးလိုက်တာမို့ အသည်းလေေးတွပေးရင်း အားပေးစကားလေးတွေလည်း ပြောသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Myo Ko Ko San’s Facebook
Photo Credit - Myo Ko Ko San’s Facebook
Photo Credit - may kabyar’s Facebook

Photo Credit - Hsu Eaint San’s Facebook ၊ Myo Ko Ko San’s Facebook & may kabyar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။