တစ်ခေတ်တစ်ချိန်က အနုပညာလောကမှာ ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူနဲ့အတူ သမီးသေုံးယောက် ထွန်းကားခဲ့ပါတယ်။ သမီးသုံးယောက်မိခင်ဖြစ်တဲ့ နန္ဒာလှိုင်က ယနေ့အချိန်အထိ အရွယ်တင်နုပျိုကာ လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

နန္ဒာလှိုင်က စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း သမီးလေးသုံးယောက်နဲ့အတူ ပျော်ရွှင်စရာဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ (၂) ရက်နေ့မှာတော့ နန္ဒာလှိုင်တစ်ယောက် အရင်ကထက် အသက်တစ်နှစ်ပိုကြီးသွားခဲ့ပြီ ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်က ယနေ့မှာပဲ အသက် (၄၅) နှစ်တိတိ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Zay Thiha's FB
Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

နန္ဒလှိုင်က သူမရဲ့မွေးနေ့မှာအမှတ်တရပုံလေးကို တင်ထားသလို ခင်ပွန်းဖြစ်သူကလည်း မွေးနေ့ဆုမွန်ကောင်းလေး တောင်းဆိုပေးထားပါသေးတယ်။ နှစ်တွေလတွေဘယ်လိုပြောင်းပြောင်း မင်းသမီးချော နန္ဒာလှိုင်ကတော့ အသက်ကြီးလေပိုလှလာလေလို့တောင် ဆိုနိုင်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးချော နန္ဒာလှိုင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြဦးနော်။

Photo Credit- Nandar Hlaing's FB & Zay Thiha's FB

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။