ပရိသတ်ကြီးရေ သရုပ်ဆောင်အဆိုတော် ဆုပန်ထွာကတော့ သူမကိုအရမ်းချစ်တဲ့ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားကာ ချစ်စရာသားသားလေးလည်း ရှိနေပြီဖြစ်လို့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဆုပန်ထွာက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိသားစုကိုလည်းအချိန်ပေးဂရုစိုက်ပါတယ်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

လက်တလောမှာတော့ ဆုပန်ထွာက အမေရိကန်ပြည်ထောင်စုကို ဖျော်ဖြေပွဲအတွက်ရောက်ရှိနေတာဖြစ်လို့ ဆုပန်ထွာရဲ့ ခင်ပွန်းကိုဉက္ကာကျော်နဲ့ Roar Roarတို့က အိမ်မှာနေပြီး ဆုပန်ထွာကိုလွမ်းနေကြတာဖြစ်ပါတယ်။ဖေဖေဉက္ကာကျော်ကလည်း ချစ်ဇနီးခရီးထွက်နေတဲ့အချိန်မှာ သားလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးကာ အတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

အခုဆိုရင်လည်း ဖေဖေဉက္ကာကျော်က Roar Roar တက်တဲ့ကျောင်းကိုလိုက်ပြီး ပွဲတက်ပေးခဲ့တာဖြစ်ပါတယ်။Roar Roarလေးကတော့ ကျောင်းပွဲမှာ Oustanding Award ဆုကိုရရှိခဲ့ပြီး သူငယ်ချင်းနဲ့အတူတူ ရန်ကုန်သားနဲ့မန္တလေးသူသီချင်းလေးနဲ့ကပြဖျော်ဖြေခဲ့ပါသေးတယ်။ဖေဖေဉက္ကာကျော်ကတော့"မိန်းမမရှိတော့ တစ်ယောက်ထဲပွဲတွေတက်နေရတာ.သတိရတယ် မာမားရယ်"ဆိုပြီး သားအဖနှစ်ယောက်ပုံလေးတွေ မျှဝေလာပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook
Photo Credit:Okkar Kyaw's Facebook

Photo Credit:Okkar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။