နေတိုးလို့ ဆိုလိုက်တာနဲ့ တည်ငြိမ်ခန့်ညားပြီး ယောကျၤားပီသတဲ့ ဟန်ပန်တွေနဲ့ သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းကာ ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားတဲ့ ပြည်သူ့အချစ်တော် စွယ်စုံရ သရုပ်ဆောင်မင်းသားချောတစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ဆွဲဆောင်မှုရှိပြီး ခန့်ညားလွန်းတဲ့ ပုံရိပ်လေးတွေအပြင် အနေအေးပြီး တည်ငြိမ်ကာ ပရိသတ်တွေအပေါ် ရိုသေလေးစားမှုတွေကလည်း အားလုံးကို အချစ်ပိုစေတာပါ..။

Photo By Myanmarload
Photo By Myanmarload

သရုပ်ဆောင်ပိုင်နိုင် ကျွမ်းကျင်မှုတွေကြောင့် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် "Box No.88" ဇာတ်ကားကြီးမှာလည်း သူ့ရဲ့ ပြောင်မြောက်လွန်းတဲ့ အနုပညာစွမ်းရည်တွေကို ပရိသတ်တွေ မြင်တွေ့ရဦးမှာပါ..။

"Box No.88" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲကြီးကိုလည်း အခြားအနုပညာများနဲ့အတူ တက်ရောက်ခဲ့ပြီး ဆွဲဆောင်မှုရှိရှိ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ယောကျၤားပီသပြီး လူငယ်ဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံရိပ်လေးတွေနဲ့ ပွဲတက်လာတဲ့ နေတိုးကတော့ အမှတ်တရဓာတ်ပုံလေးလည်း ရိုက်ကူးရင်း ခန့်ညားစွာမြင်တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် နေတိုးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။

Photo By Myanmarload
Photo Credit - Nay Toe's Facebook
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။