ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုအိမ့်စံကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်လုပ်ဆောင်နေပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာဖြစ်ပါတယ်။ဆုအိမ့်စံကို ပရိသတ်တွေက ဆုဆုလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုခြေလှမ်းတိုင်းကို အားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။
ပရိသတ်တွေကတော့ ဆုဆုရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး အရမ်းစိတ်ဝင်စားနေကြသလို ဆုဆုကိုလည်း အားပေးစကားတွေပြောပေးနေကြတာဖြစ်ပါတယ်။ဆုဆုကလည်း အခုချိန်မှာ အရမ်းတည်ငြိမ်နေပြီဖြစ်ပြီး အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်နေတာဖြစ်လို့ ဆုဆုကိုချစ်တဲ့ပရိသတ်တွေက သူမအတွက် ရင်အေးသွားရပါတယ်နော်။
ဆုဆုရဲ့ ကြည်လင်းဝင်းပတဲ့မျက်နှာလေးဟာဆိုရင် မြင်သူတိုင်းရင်ကို အေးမြစေပြီး ချစ်မွှေးပါတဲ့ရုပ်လေးပါနော်။လူလေးကလည်းလှပသလို စိတ်ထားလေးကလည်း ဖြူစင်ကြည်လင်တာကြောင့် ပရိသတ်တွေက ပိုပိုချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဆုဆုက"ကိုယ့်ကို ချစ်တဲ့အကြောင်းလေး တစ်ခုခုပြောခဲ့ပေါ့"ဆိုပြီး အေးချမ်းနေတဲ့ သူမပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။
Photo Credit:Hsu Eaint San's Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။