သရုပ်ဆောင်ကောင်းမှုတွေအပြင် အေးချမ်းတဲ့အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ မင်းသမီးချောလေးမေမြင့်မိုရ်ပဲ ဖြစ်ပါတယ်..။

ပျော့ရှင်းပြီး ဆွဲဆောင်မှုရှိသလို မြင်သူတိုင်းကို အမြင်အေးချမ်းစေတဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာပါနော်..။

Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေနဲ့အတူ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မေလေးကတော့ မကြာခင်မှာ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ နိုင်နိုင်း၊ ရွှေထူး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။

နိုင်နိုင်း ရွှေထူး အူဝဲတို့နဲ့အတူ "စတုတ္ထမြောက် သွေးကြောမျှင်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ အမိုက်စား မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook

မေလေးကတော့ သူမရဲ့ လတ်တလောအနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အခုနောက်ပိုင်းမှာ မလုပ်ဖူးသေးတဲ့ ဇာတ်ကို ရွေးပြီးတော့ ရိုက်တာများပြီး နောက်ပိုင်းမှာလည်း ဒါရိုက်တာတွေကလည်း သူမ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေကိုပဲ လာကမ်းလှမ်းကြတာများတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

မေလေးကတော့ အခုနိုဝင်ဘာလနဲ့ လာမယ့်ဇန်နဝါရီလတွေမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသွားမှာဖြစ်သလို ဘန်ကောက်မှာလည်း ကြော်ငြာရိုက်ဖို့ ရှိပြီး လာမယ့်နိုဝင်ဘာ (၇)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် သူမတို့ရဲ့ "ရိုးမပေါ်က ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လာရောက်အားပေးကြဖို့ ပရိသတ်တွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - May Myint Mo's Facebook

Photo Credit - May Myint Mo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။