ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့အနုပညာရှင်လေးကတော့ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ခိုင်သဇင်ငုဝါပဲ ဖြစ်ပါတယ်နော်..။

ပိစိလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ခိုင်သဇင်ငုဝါကတော့ မကြာခင်မှာပဲ တပ်မတော်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်..။


Photo Credit - Khaing ThaZin Nguwah’s Facebook
Photo Credit - Khaing ThaZin Nguwah’s Facebook

တပ်မတော်ဇာတ်ကားကြီးမှာတော့ မြင်နေကျပုံစံမျိုးနဲ့ လုံးဝမတူပဲ အကြမ်းဖက်နှိမ်နင်းရေးက တပ်ကြပ်ကြီးပုံစံနဲ့ တည်ငြိမ်ဖြောင့်မတ်ပြီးခန့်ညားစွာ အကြမ်းအရမ်းတွေနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော်..။

ဇာတ်လမ်းတွဲတစ်ခုပဲ ရိုက်ကူးပြီးတဲ့နောက်မှာ အခုလို တပ်မတော်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် By Name နဲ့ ရွေးချယ်ခံလိုက်ရတာဖြစ်တာမို့ အရမ်းကို ဂုဏ်ယူဝမ်းသာမိတယ်လို့လည်း ပြောပြထားပါသေးတယ်..။


Photo Credit - Khaing ThaZin Nguwah’s Facebook
Photo Credit - Khaing ThaZin Nguwah’s Facebook

ဇာတ်ကားအတွက် တကယ့်စစ်တပ်ထဲမှာ တစ်ပတ်လောက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ရမှာဖြစ်ပြီး တစ်ခါမှ တပ်ထဲမဝင်ဖူးတော့ ဇာတ်ကားမရိုက်ခင် တပ်ထဲမှာ ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ရမှာကို ပိုပြီးရင်ခုန်သလို အတွေ့အကြုံလည်း အများကြီးရမယ်လို့ မျှော်လင့်မိတယ်လို့လည်း ငုဝါလေးက ပြောပြထားတာပါ..။

တပ်မတော်ဇာတ်ကားကြီးမှာ အကောင်းဆုံးလုပ်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားမယ့်အကြောင်းလေးနဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ပြောပြထားတဲ့ ခိုင်သဇင်ငုဝါရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Khaing ThaZin Nguwah’s Facebook
Photo Credit - Khaing ThaZin Nguwah’s Facebook

Photo Credit - Khaing ThaZin Nguwah’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။