ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်မင်းသမီးချောကတော့ ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ သရုပ်ဆောင်ပိုင်းမှာ နံပါတ်နေရာကနေ ရပ်တည်နေတဲ့ အကယ်ဒမီထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အပြည့်အဝရရှိထားတဲ့ ထက်ထက်မိုးဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့ရပေမယ့် လက်ရှိမှာတော့ ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေပါတယ်နော်..။


Photo Credit - Htet Htet Moe Oo’s Facebook
Photo Credit - Alinn Yaung Photography

အားလုံးရဲ့ အသည်းကျော် ထက်ထက်မိုးဦးကတော့ သူမရဲ့ကျန်းမာရေးအခြေအနေတွေကြောင့် ခွဲစိတ်မှုတွေခဏခဏ ပြုလုပ်ခဲ့ရပြီး အခုတစ်ခါမှာလည်း လည်ပင်း ဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တာကို ခွဲစိတ်မှု မပြုလုပ်ရပဲ ပြန်ကောင်းသွားဖို့ မျှော်လင့်နေပါတယ်နော်..။

ဘန်ကောက်မှာ လည်ပင်းခွဲလိုက် နှလုံးခွဲလိုက် ဗိုက်ခွဲလိုက်နဲ့ ခွဲစိတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရလို့ အကြိတ်ထပ်တွေ့တော့လည်း ခွဲစိတ်မှုတွေ မပြုလုပ်ရပဲ ဆေးသောက်ပြီး ပျောက်ဖို့အတွက် ဆုတောင်းနေရှာပါတယ်နော်..။


Photo Credit - Htet Htet Moe Oo’s Facebook
Photo Credit - Htet Htet Moe Oo’s Facebook

ခွဲစိတ်ခန်းထဲဝင်ပြီး ခွဲစိတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေရလို့ ဘာမှ မလုပ်ချင်တော့အောင် စိတ်ညစ်နေပြီး အခုတစ်ခါမှာတော့ သူမအနေနဲ့ မခွဲစိတ်ချင်တော့ပါဘူးဆိုပြီး စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်နော်..။

“ဘန်ကောက်မှာ လည်ပင်းခွဲထားတာခု

ဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့မခွဲစိပ်ရပဲ ပျောက်ရင်ကောင်းမှာ

ဆုတောင်းမိပါတယ်ခဏခဏ

ခွဲစိပ်ခန်းထဲဝင်ပီးနှလုံးခွဲလိုက်

လည်ပင်းခွဲလိုက်

ဗိုက်ကခဏခဏခွဲလိုက်နဲ့

ဘာမှမလုပ်ချင်အောင်စိတ်ညစ်မိပါတယ်။ ဒီတခါတော့ မခွဲစိပ်ချင်တော့တာအမှန်ပါ ဆေးသောက်ပီး ပျောက်ရပါစေ ဆုတောင်းနေမယ်

Mandalar Hospital ကိုလဲ ကျေးဇူးများကြီးတင်ပါတယ်ရှင်..” ဆိုပြီး ထက်ထက်က ပြောပြထားတာမို့ ပရိသတ်တွေကလည်း ထက်ထက်လေးကို ကရုဏာသက်နေကြပါတယ်နော်..။

Photo Credit - Htet Htet Moe Oo’s Facebook
Photo Credit - Htet Htet Moe Oo’s Facebook

Photo Credit - Htet Htet Moe Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။