အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ နိုင်ငံခြားမင်းသမီးတွေလို အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်အလှတွေကြောင့် မြင်သူတိုင်းငေးမောရတဲ့ အလှပိုင်ရှင်လေးပဲဖြစ်ပါတယ်။ပက်ထရစ်ရှာက ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို အများအပြားရိုက်ကူးပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေကသူမကိုအားပေးကြပါတယ်နော်။

Photo Credit:sueshanaing's IG
Photo Credit:sueshanaing's IG

ပက်ထရစ်ရှာက အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာနေရာတစ်နေရာရရှိနေပြီး ပရိသတ်အင်အားလည်းတောင့်တင်းတဲ့သူဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာလျှောက်လှမ်းနေပြီး စတိုင်လ်ကျစွာနေတတ်လို့လည်း အမြဲတမ်းလှပနေတာပါနော်။သဘောကောင်းပြီးဖော်ရွေတတ်လို့လည်း လူချစ်လူခင်ပေါများတဲ့အပြင် အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေကလည်း ပက်ထရစ်ရှာကိုချစ်ခင်ကြပါတယ်။

Photo Credit:sueshanaing's IG
Photo Credit:sueshanaing's IG
Photo Credit:sueshanaing's IG

ပက်ထရစ်ရှာရဲ့အရမ်းလှတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ဖက်ရှင်တိုင်းနဲ့လိုက်ဖက်ညီပြီး ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပက်ထရစ်ရှာက ညအိပ်ဝတ်အင်္ကျီလေးနဲ့တောင် ဖက်ရှင်ကျလှပနေပြီး ညှို့အားပြင်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့Instagram မှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:sueshanaing's IG
Photo Credit:sueshanaing's IG

Photo Credit:sueshanaing's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။