ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အဆိုတော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးတို့ကတော့ ပရိသတ်အသည်းကျော်လေးတွေပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာ လျှောက်လှမ်းနေကြတဲ့ သူတို့သုံးယောက်ကတော့ ဇာတ်ကားတွေလည်း အတူရိုက်ကူးထားကြပြီး မကြာခင်မှာလည်း “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူရိုက်ကူးသရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။


Photo Credit - Amazing Grace
Photo Credit - Hlwan Paing’s Facebook
Photo Credit - Ye Yint Aung’s Facebook

အချစ်တော်လေး သုံးယောက်ကတော့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားလေးကို တက်ရောက်ရင်း အင်တာဗျူးတွေ အတူဖြေပြီး ခွီနေကြပါတယ်နော်..။

သုံးယောက်အတူ အင်တာဗျူးဖြေရင်း တစ်ယောက်နဲ့တစ်ယောက် မှတ်မိပုံလေးတွေကို ပြန်ပြောကြရင်း စနောက်ကာ ခွီနေကြတာပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

လွှမ်းပိုင်ကတော့ ဖွေးဖွေးရဲ့ ဇာတ်ကားတွေထဲမှာ“စိုင်းစိုင်းက အရမ်းချစ်တာပဲဆိုပြီး ဖွေးဖွေးကို ပါးရိုက်လိုက်တဲ့ကားကို ကြိုက်တယ်” ဆိုပြီး ရယ်မောကာ ပြောပြထားသလို ရဲရင့်အောင်ကလည်း "ဖွေးဖွေး ကို သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလို့ မြင်တယ်" ဆိုပြီး ပြောပြထားပါတယ်နော်..။

"လွှမ်းပိုင်က သီချင်းကို ကာတွန်းသံနဲ့ တရုတ်သံနဲ့ ဆိုတာ နားထောင်ဖူးတယ် ... ရဲရင့်အောင်က ဖီးလ် သီချင်းတွေ များတယ် " ဆိုပြီးတော့လည်း ဖွေးစိန်လေးက သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည်ပြောပြထားပါသေးတယ်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Phway Phway’s Facebook ၊ Hlwan Paing’s Facebook ၊ Ye Yint Aung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။