အချစ်ဆိုတဲ့အရာကို အချို့က ပေးဆပ်ခြင်း၊ အချို့ကျတော့ ရယူခြင်းလို့ အဓိပ္ပါယ်ကိုယ်စီ ဖွင့်ကြပါတယ်...။ အချစ်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဒဿနတွေ၊ ယူဆချက်တွေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဖွင့် ကိုယ်ကစပြီး တစ်ကယ်ချစ်မိသွားမှာကိုတော့ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ စိုးရိမ်ကြောက်ရွံ့တတ်ကြပါတယ်...။ ဘာကြောင့် ဒီလိုမျိုးဖြစ်ရတာလဲဆိုတော့ admin သိသလောက်ပြောပြရရင် လူတွေရဲ့ မသိစိတ်မှာရှိတဲ့ မိမိကိုယ့်ကိုချစ်တဲ့ အတ္တစိတ်ကြောင့်လို့ပဲဆိုရမှာပါ...။

photo credit pngtree

မိမိကို တစ်စုံတစ်ယောက်က ချစ်နေတယ်ဆိုတာသိသွားခဲ့ရင် ကိုယ်ကြိုက်တဲ့ type ထဲကမဟုတ်တာတောင် ပျော်လို့မဆုံးပါဘူး...။ ဒါပေမယ့် ရုပ်ရည် ရူပကာ၊ နေပုံထိုင်ပုံကအစ မိမိအရမ်းကြိုက်ရတဲ့ type မျိုးထဲက ဖြစ်ပါစေ ကိုယ်ကစပြီးတစ်ကယ်ချစ်ဖို့ကိုတော့ ဝန်လေးတတ်ကြပါတယ်...။ admin ပြောချင်တာက တစ်ခဏတာမျှ ချစ်၊ကြိုက်သွားတာမျိုး၊ အပျော်တမ်း "crush" တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး....။

photo credit pngtree

အချစ်စစ်၊ အချစ်မှန်နှင့် တစ်ကယ်ချစ်မိသွားတာကိုပြောတာပါ...။ ထိုကဲ့သို့ အချစ်မျိုးနဲ့ကိုယ်ကစပြီး တစ်စုံတစ်ယောက်ကိုချစ်သွားမိတယ်ဆိုရင်တောင် မိမိကိုယ်ကိုချစ်တဲ့ အတ္တစိတ်က "ပြန်မချစ်ခဲ့ရင်၊ ထားသွားခဲ့မယ်ဆိုရင်"...အစရှိတဲ့ နာကျင်စရာကိစ္စတွေကို မသိစိတ်က အလိုလို အသိပေးနေပြီး "falling in love" ဖြစ်သွားမှာကို စိုးရမ်ကြောက်ရွံ့မိနေတာ့တာဖြစ်ပါတယ်...။ အခုရေးသားဖော်ပြပေးသွားခဲ့သော နှလုံးသားရေးရာ သတင်းသည် admin ၏စဉ်းစားစိတ်ကူးဉာဏ်ဖြင့် ဆွေးနွေးထောက်ပြရုံမျှသာဖြစ်ပြီး အကယ်၍ စာဖတ်သူတို့၏ အယူအဆနဲ့ မတိုက်ဆိုင်ပါက၊ အမှားတစ်စုံတစ်ရာရှိပါက ဝေဖန်ထောက်ပြနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါတယ်....။

writer Mg Thit Sar

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။