ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ငှက်ကုလားအုတ်တို့သည် ဦးခေါင်းကို သဲအတွင်းမြှုပ်ထားလေ့ရှိတာ တစ်ကယ်ပဲလား၊ ဒါမှမဟုတ် လူတို့ရဲ့ လွဲမှားနေသော ပါးစပ်ပြော ယုံတမ်းစကားပဲလားဆိုတာကို ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်....။ တိရိစ္ဆာန်တို့နှင့် ပတ်သက်သည့် အချို့သော ပါးစပ်ပြော ယုံတမ်းစကားများသည် ပုံပြင် ဒဏ္ဍာရီများသဖွယ် သဘာဝကျကျ လက်ခံနိုင်ဖွယ်ရာမရှိကြ သော်လည်း တိရိစ္ဆာန်တို့၏ထူးခြားသော စရိုက်လက္ခဏာသွင်ပြင်များ အများဆုံးပါဝင်နေသည်ကိုတွေ့ရှိနိုင်ကြမှာဖြစ်ပါတယ်...။

Photo credit pngtree

ငှက်ကုလားအုတ်လို သဲထဲခေါင်းမြှုပ်ထားသည် ဟူသည့် ဆိုရိုးစကားတစ်ခုရှိပါတယ်...။ များစွာသောရုပ်ရှင်ဇာတ်ကားများတွင် တွေ့ရလေ့ရှိသကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ငှက်ကုလားအုတ်တို့သည် သဲအတွင်းသို့ ယင်းတို့၏ ဦးခေါင်းကို မြှုပ်ထားတာမဟုတ်ပါဘူး..။ငှက်ကုလားအုတ်တို့သည် လျင်မြန်စွာပြေးနိုင် ကြသကဲ့သို့အားပြင်းပြင်းပြင်းဖြင့် ကန်ကျောက်နိုင်ကြသည့် ယင်းတို့၏စွမ်းရည်များကို အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် အသုံးပြုနိုင်သော သတ္တဝါများဖြစ်ပါတယ်...။

Photo credit pngtree

သို့သော်လည်း ငှက်ကုလားအုတ်တို့သည် တစ်ခါတစ်ရံတွင်ယင်းတို့၏ဦးခေါင်းကို မြေပြင်ပေါ်တွင် ပြားလိုက်ချထားတတ်လေ့ရှိရာ အဝေးမှမြင်လိုက်ရသော တစ်ယောက်ယောက်က ဦးခေါင်းကို သဲအတွင်း မြှုပ်ထားသည်ဟု ထင်မိရာမှ ငှက်ကုလားအုတ်တို့သည် ဦးခေါင်းကို သဲထဲတွင် မြှုပ်ထားလေ့ရှိသည်ဟု ပြောဆိုကြခြင်းသာ ဖြစ်နိုင်ပါတယ်...။ ငှက်ကုလားအုတ်တို့သည် မည်သည့် အချိန်တွင်မျှ ယင်းတို့ဦးခေါင်းကို သဲအတွင်း ထည့်ထားလေ့ မရှိကြပါဘူးနော်...။ စာဖတ်ပရိသတ်ကြီးလည်း အဖြစ်မှန်ကိုသိရှိသွားပြီဖြစ်တာမလို့ အခုတင်ဆက်သွားခဲ့တဲ့ သတင်းကို နှစ်သက်အားရကြလိမ့်မယ်လို့ ယုံကြပါတယ်...။ ဆက်လက်အားပေးသွားကြပါဦးနော်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

ယခုလိုသတင်းယူရေးခွင့်ပေးတဲ့ မောင်သာ ရှေးဟောင်းသုတေသနကို အထူးပင်ကျေးဇူးတင်ရှိပါတယ်...။

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။