ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ အင်အားအပြင်ဆုံးငလျင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့တဲ့ ချီလင်ငလျင်အကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်....။ ချီလီနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်က လှုပ်ခဲ့သော ငလျင်သည် ပြင်းအား ၉ ဒသမ ၅ အထိ ရှိသဖြင့် ဤကမ္ဘာပေါ်တွင် လှုပ်ခဲ့သော ငလျင်များအနက် အပြင်းထန်ဆုံး ငလျင်ကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်...။ ၁၉၅၀ ပြည့်နှစ်တွင် တိဘက်မှာ လှုပ်ခဲ့သော ငလျင်သည်ပင် ပြင်းအား ၈ ဒသမ ၆ သာရှိခဲ့သဖြင့် ကမ္ဘာ့အင်အားအပြင်းဆုံး ငလျင်စာရင်းတွင် အဆင့် ၁၀ နေရာတွင်သာ ရပ်တည်နေပါတယ်....။

Photo credit pngtree

၁၉၆၀၊ မေလ၊ ၂၂ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ချီလီငလျင်ကြီးသည် ပြင်းအား ၉ ဒသမ ၅ ရှိပြီး လူပေါင်း ၄၄၈၅ ယောက် သေဆုံး၊ ဒဏ်ရာရစေခဲ့ကာ လူဦးရေနှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး ကမ္ဘာပေါ်တွင် အင်အားအပြင်ထန်ဆုံး ငလျင်အဖြစ်သတ်မှတ်ခဲ့ပါတယ်...။ယင်းငလျင်သည် ချီလီနိုင်ငံတောင်ပိုင်းတွင် ၁၉၆၀ ပြည့်နှစ် မေလက လှုပ်ခတ်ခဲ့ ပြီး ငလျင်ဒဏ်ကြောင့် ဆူနာမီရေလှိုင်းကြီးများ တက်လာခဲ့ကာ ပူအာတို ဆာဗီဒရာ (Puerto Saavedra) ဆိပ်ကမ်းသည် ပျက်စီး သွားခဲ့ရသည့်အပြင် ချီလီနိုင်ငံတစ်ဝန်းတွင် တန်ဘိုး ဒေါ်လာ သန်း ၅၅၀ ခန့်မျှ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်....။

Photo credit pngtree

ငလျင်လှုပ်ပြီးနောက် ငါးမီတာ ခန့်မြင့်သည့် ရေလှိုင်းလုံးများသည် ဂျပန်နှင့်ဖိလိပိုင်ကမ်းခြေများသို့ ရိုက်ခတ်ခဲ့သဖြင့် လူပေါင်း ၁၇၀ ခန့် ထပ်မံ အသက်ဆုံးရှုံးခဲ့ရပါတယ်...။ ငလျင်လှုပ်ပြီးနောက်နေ့တွင် ချီလီနိုင်ငံရှိ ပူရီဟျူး (Volcán Puyehue) မီးတောင်ပေါက်ကွဲခဲ့ပြီး ပြာပူများသည် လေထဲသို့ မီတာခြောက်ထောင်အမြင့်ထိ ရောက်အောင် ရက်သတ္တပတ် အတန်ကြာ ပန်းထွက်နေခဲ့တာဖြစ်ပါတယ်....။ အနုပညာသတင်း၊ အားကစား၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ အမြဲဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကိုအမြဲ update ဖြစ်အောင် like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်....။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

ယခုလိုသတင်းယူရေးခွင့်ပေးတဲ့ မောင်သာ ရှေးဟောင်းသုတေသနကို အထူးပင်ကျေးဇူးတင်ရှိပါတယ်...။

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။