ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ တွင်းနက်ကြီးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရှိအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ထိုတွင်းနက်ကြီးတွေရဲ့ အမည်တွေကတော့ "Sinkhole Guatemala"၊ "Mirny Diamond Mine Siberia"၊ "Bingham Canyan Mine Utah"၊ "Udachnaya Pipe Russia"၊ "Chuqui camata Chili" အစရှိတာတို့ပဲဖြစ်ကြပါတယ်...။

photo credit Once A Glance Page

ပထမဦးဆုံးအနေနဲ့ "Sinkhole Guatemala" တွင်းနက်ကြီးအကြောင်းကို ဖော်ပြေပေးပါ့မယ်...။ ထိုတွင်းနက်ကြီးကတော့ ဂွာတီမာလာနိုင်ငံတွင် ထူးဆန်းအံ့သြဖွယ် ဖြစ်ပေါ်ခဲ့တာပါ...။ ထိုနိုင်ငံတွင် မီတာ ၁၀၀အနက်ရှိသည့် တွင်းနက်ကြီးက ရုတ်တရက်ပေါ်ထွက်လာကာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်....။ မိသာစုပေါင်း အယောက်၁၀၀က အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်...။ Siberia နိုင်ငံမှာရှိတဲ့ "Mirny Diamond Mine Siberia" စိန်မိုင်တွင်းကြီးက ၅၂၅မီတာ အနက်ရှိပြီး truck ကားတစ်စီးဖြင့် တွင်း၏ အောက်ခြေသို့ရောက်ရန် ၂နာရီကြာမျှ မောင်းရတာဖြစ်ပါတယ်...။

photo credit Once A Glance Page

"Bingham Canyan Mine Uta" တွင်းကြီးကတော့ အနက် 1200 မီတာရှိပြီး ကမ္ဘာ့အကြီးဆုံး ကြေးနီ မိုင်းတွင်းဖြစ်ခဲ့ပါတယ်...။ ရရှားနိုင်ငံ မှာရှိတဲ့ "Udachnaya Pipe" စိန်မိုင်းတွင်း က 600 မီတာ အနက်ရှိပြီး တွင်းကြီ၏ အပူရှိန်ကြောင့် လေဖိအားကျဆင်းကာ လေယဉ် ပျံသန်းမှုများကို အနှောက် အယှက်ပေးတာကြောင့် 2010 တွင် စိန်တူးဖေါ်မှုကို ရပ်ဆိုင်းလိုက်ရပါတယ်...။ ချီလီနိုင်ငံတွင် တည်ရှိတဲ့ "Chuqui camata"တွင်းနက်ကြီးက ကြေးနီ အများဆုံး ထုတ်လုပ်ခဲ့တဲ့ မိုင်းတွင်းဖြစ်ပြီး အနက်ကတော့ ၈၅၀မီတာရှိပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကို like and see first လုပ်ထားဖို့တော့မမေ့ပါနဲ့ဦးနော်...။

source Once A Glance Page

photo credit Once A Glance Page

ယခုလိုသတင်းယူရေးခွင့်ပေးတဲ့ သံဇဉ်မိုးဇတ် (Once A Glance Page) ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်...။

photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။