ပရိသတ်ကြီးရေ.. ဂီတလောကမှာ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ သီချင်းကောင်းတွေများစွာ ထွက်ရှိထားတဲ့ အဆိုတော် မိုးမိုးကလည်း အပါအဝင်ပါပဲ..။

အဆိုတော် မိုးမိုးကတော့ ဂီတပိုင်းမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားပြီး မကြာခင်မှာလည်း “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။


Photo Credit - moe sithu kyaw’s Facebook
Photo Credit - moe sithu kyaw’s Facebook

“ရောသမမွှေ” ဟာသ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဆိုတော်မိုးမိုးကိုတော့ ဘိုးတော်ရူး ရူးနေတဲ့ အခွီဇာတ်ကောင်ကာရိုက်တာလေးနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေအားလုံးကို ရယ်မော ပျော်ရွှင်စေမှာပါနော်..။

ကားမောင်ပြီး ဘိုးတော်ပညာရပ်တွေကို စိတ်ဝင်စားဝါသနာပါတဲ့ ဝါသနာရှင်ဘိုးတော်ဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး ဘိုးတော်လိမ်တွေအဖြစ် သရုပ်ဆောင်ထားကြတဲ့ ရဲလေးနဲ့ ဂျိုကာ ကို အားကျတဲ့ ဘိုးတော်ရူး ရူးနေတဲ့ ဇာတ်ကောင်အဖြစ် ပရိသတ်တွေကို အခွီလေးတွေနဲ့ သဘောကျစေမှာ ဖြစ်ပါတယ်နော်..။


Photo Credit - moe sithu kyaw’s Facebook
Photo By Myanmarload

သရုပ်ဆောင်အနုပညာရှင်တွေအပြင် ဂီတအနုပညာရှင်တွေများစွာလည်း ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားလေးဖြစ်တာမို့ ဂီတသမားတွေ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ဝင်ပါချင်တာတွေကြောင့် ဒီဇာတ်ကားကို ရိုက်ဖြစ်တာဆိုပြီးတော့လည်း မိုးမိုးက ပြောပြထားပါသေးတယ်နော်..။

ဇာတ်ကောင် ကာရိုက်တာလေးနဲ့ ရယ်စရာ ဇာတ်လမ်းလေး အကြောင်းလေး ပြောပြထားတဲ့ အဆိုတော် မိုးမိုးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - moe sithu kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။