ချစ်ပရိသတ်ကြီးရေ.....အီဂျစ်နိုင်ငံသည် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများဖြင့် ထင်ရှားကျော်ကြားပြီး လူယဉ်ကျေးမှု စတင်ထွန်းကားရာ နယ်မြေဒေသလည်းဖြစ်ခဲ့ပါတယ်...။ အီဂျစ်ဒေသတွင် ဘီစီ ၃၁၅၀ပြည့်နှစ်ဝန်းကျင်ကာလများက ညီညွတ်မှု မရှိဘဲကွဲပြားခဲ့ကြပြီး ဘုရင်စနစ်များ ဖြစ်ထွန်းလာမှုကြောင့် နှစ်ပေါင်းသုံးထောင်အတွင်း ဘုရင့်နိုင်ငံတော်များ အသီးသီး ပေါ်ပေါက်ခဲ့ပါတယ်...။ ရှည်လျားသော အီဂျစ်သမိုင်းကြောင်းတစ်လျောက် ဘုရင် ၊ ဘုရင်မ အသီးသီးတို့ ဆောက်လုပ်ခဲ့ကြသည့် အဆောက်အဦများသည် ယနေ့တိုင် ရှေးဟောင်း အမွေအနှစ်များ အဖြစ်တည်ရှိနေကြပါတယ်...။ သမိုင်းဝင် ဖြစ်ရပ်များလည်း များစွာ ပေါ်ထွန်းခဲ့ပါတယ်...။ အံ့သြဖွယ် အကောင်း ဆုံးသော ရှေးဟောင်း အဆောက်အအုံများ၊ ဗိမာန်များ၊ ပစ်ရမစ်များအနက် "Temple of Hatshepsut" အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။

Photo credit pngtree

ဟက်ရှက်ပ်ဆွတ် ဘုရားကျောင်း ဗိမာန် (Temple of Hatshepsut) - ဘီစီ ၁၄၇၉ ခုနှစ်တွင် အီဂျစ်ဒေသအား အုပ်ချုပ်ခဲ့သူ ဘုရင်မ ဟက်ရှက်ပ်ဆွတ်သည် ဘီစီ ၁၄၅၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါတယ်...။ ယင်းဘုရင်မ၏ သင်္ချိုင်းဂူဗိမာန်ကို နိုင်းမြစ် အနောက်ဘက်ကမ်း ဗဟာရီ ကျောက်ကမ်းပါးအောက် တွင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်...။ ကြီးမားသော တိုင်လုံးဝိုင်းကြီးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဘုရင်မ ဗိမာန်တော်အား ဘုရင်မ ဟက်ရှက်ပ်ဆွတ် ၏ တော်ဝင်ဗိသုကာဖြစ်သူ စီနီမတ် (Senemut) က ပုံစံထုတ် တည်ဆောက်ခဲ့ပါတယ်..။

Photo credit pngtree

ဘုရားကျောင်း ဗိမာန်ကို ကွယ်လွန်သူ ဘုရင်မအား ပူဇော်ရန်နှင့်ဘုရင်မ၏ ကျက်သရေ အပေါင်းကို ဂုဏ်ပြုရန် တည်ဆောက် ခဲ့ခြင်းလည်း ဖြစ်ပါတယ်...။ ယင်းဗိမာန်တော်သည် ကျောက်ကမ်းပါး၏ မျက်နှာစာ အတွင်းကျောက်နံရံများကို ဖဲ့ထုတ်ကာ တည်ဆောက် ထား ခြင်း ဖြစ်ပြီး မီတာ သုံးဆယ်( ၉၇ ပေ) ခန့်မြင့်ကာ မြေလွှာ အဆင့် သုံးဆင့် တွင် လှေကားထစ်များ၊ပွဲကြည့်စင်များ ပုံစံပြုလုပ်ထားကာ အကန့် သုံးကန့်ရှိပါတယ်...။ ယင်း အကန့် များကို ရှည်လျား သော ဆင်ခြေလျှော လမ်းများဖြင့် ဆက်သွယ် ထားပါတယ်...။ တစ်ချိန်က ထိုနေရာသည် ဘုရင်မ၏ ဥယျာဉ်တော် ဖြစ်ခဲ့သည်ဟု ဆိုကြပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

ယခုလိုသတင်းယူရေးခွင့်ပေးတဲ့ မောင်သာ ရှေးဟောင်းသုတေသနကို အထူးပင်ကျေးဇူးတင်ရှိပါတယ်...။

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။