ပရိသတ်ကြီးရေ.. မကြာခင်မှာ ရုံတင်ပြသတော့မယ့် “Box No.88” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်မပြသခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားလေးပါပဲ..။

ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကို ကိုယ်တိုင်ရိုက်ကူး ပုံဖော်သရုပ်ဆောင်ထားကြတဲ့ သက်ငယ်အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားဖြစ်တဲ့ “Box No.88” ဇာတ်ကားလေးမှာ ကလေးသရုပ်ဆောင် အိန်ဂျယ်ဝတ်မှုံလေးရဲ့ သရုပ်ဆောင်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


Photo Credit - 7th Sense Creation Facebook
Photo Credit - 7th Sense Creation Facebook

“Box No.88” ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားလာမယ့် ကလေးသရုပ်ဆောင် အိန်ဂျယ်လမုန်ကလည်း ဇာတ်ကားရိုက်ကူးရင်း ရရှိခဲ့တဲ့ အမှတ်တရလေးတွေအကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်..။

သေတ္တာထဲထည့်လိုက်တဲ့အခန်းကို အရမ်းကြောက်ပြီး ပုဇွန်သေတ္တာထဲထည့်ပြီး အပိတ်ခဲလိုက်ရတဲ့အချိန်မှာ မရိုက်နိုင်လို့ မောပြီးအိပ်ပျော်သွားခဲ့ရတဲ့ အမှတ်တရအကြောင်းလေးကိုလည်း အိန်ဂျယ်ဝတ်မှုံလေးက ပြောပြထားပါတယ်နော်..။


Photo Credit - 7th Sense Creation Facebook
Photo Credit - Angel Wutt Hmone’s Facebook

"Box No.88” ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံးကြိုးစားထားပြီး ကားတွေနဲ့ ခေါ်သွားအခန်းမှာလည်း တကယ်ကြောက်ပြီး ငိုချလိုက်တယ်ဆိုပြီးတော့လည်း ငိုခဲ့ရတဲ့ အမှတ်တရလေးတွေကိုလည်း ချစ်စဖွယ်လေး ပြောပြထားပါသေးတယ်နော်..။

ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတဲ့ သမီးလေး အိန်ဂျယ်ဝတ်မှုံလေးပြောပြထားတဲ့ အမှတ်တရအကြောင်းလေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေမျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးရင်း အားပေးစကားလေးတွေ ပြောသွားဖို့လည်း မမေ့ပါနဲ့ဦးနော်..။


Photo Credit - 7th Sense Creation Facebook
Photo By Myanmarload

Photo Credit - 7th Sense Creation Facebook ၊ Angel Wutt Hmone’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။