အသက် ၄၀ ကျော်လို့ ထင်ရက်လောက်စရာမရှိတဲ့ အလှတရားတွေနဲ့ အနုပညာအလုပ်တွေကို တစ်နေ့ထက်တစ်နေ့ပိုပိုကောင်းမွန်လာအောင် လုပ်ဆောင်နေသူကတော့ ပရိသတ်အချစ်တော်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပါ။ သူမဟာ အနုပညာအပေါ်ကို ထားရှိတဲ့စိတ်ထားလေးဟာလည်း လူတိုင်းလေးစားစရာပါ။ အူဝဲဟာ ရိုက်ကူးသမျှရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း ခံစားချက်အပြည့်ဖြင့် သရုပ်ဆောင်မှုတွေကြောင့်လည်း သူ့ရဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေအပြည့်အဝရရှိထားတာပါ။

Photo Credit- Li John Photography
Photo Credit- Li John Photography
Photo Credit- Li John Photography

ဖက်ရှင်ဘုရင်မလို့ခေါ်ဆိုရလောက်အောင် သူမရဲ့ပွဲတက်ဖက်ရှင်မှာလည်း လူတိုင်းလည်ပြန်ငေးရလောက်အောင် လှရက်နိုင်လွန်းသူပါ။ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ပြေတီဦးနဲ့လည်း ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်နေကြတာပါ။ အခုမှာလည်း သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို ဝေမျှလိုက်ပြန်ပါပြီ။

Photo Credit- Li John Photography
Photo Credit- Li John Photography
Photo Credit- Li John Photography

ဒါကတော့ မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ " ရိုးမပေါ်ကျတဲ့မျက်ရည်" Red Carpet Show မှာ ယောကျ်ားလေးလို ဝတ်ဆင်ကာပွဲတက်ရောက်ခဲ့တာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " "ရိုးမပေါ်ကျတဲ့မျက်ရည်" red carpet ကို 80’s ခေတ်က tomboy styleနဲ့(ကားထဲကဇာတ်ရုပ် ကိုတိုး အငွေ့အသက်လေးပါအောင်)တက်ခဲ့ပါတယ်.....

ခံစားပေးပါဦးဗျာ..." ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source- Eaindra Kyaw Zin’s Facebook

Photo Credit- Li John Photography

Photo Credit- Li John Photography
Photo Credit- Li John Photography
Photo Credit- Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။