သီချင်းတိုင်းကို ကိုယ်တိုင်ရေးသားသီဆိုတတ်သူကတော့ အဆိုတော် ရွှေထူးပါ။ သူဟာ အဆိုဘက်တွင်သာမကပဲ သရုပ်ဆောင်ဘက်မှာပါ အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတိုင်းဟာလည်း နားထောင်သူတိုင်းကို ခံစားချက်အပြည့်ရရှိစေတာပါ။ ရွှေထူးဟာ သူသီဆိုတဲ့ Music Video တိုင်းကိုလည်း ဖန်တီးမှုအသစ်တွေနဲ့ ရိုက်ကူးလေ့ရှိသူတစ်ယောက်ပါ။  

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

လတ်တလောမှာလည်း သီချင်းအသစ်တွေ ထွက်ရှိနိုင်အောင် ကြိုးစားနေတာပါ။ ဒါ့အပြင် မကြာခင်မှာလည်း စတုတ္ထမြောက် သွေးကြောမျှင် ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကြီး ရိုက်ကူးတော့မှာပါ။ ရွှေထူးဟာ မိသားစုကိုလည်း ချစ်ခင်တတ်သူတစ်ယောက်ပါ။ အခုမှာလည်း ချစ်ရတဲ့ ညီလေးရဲ့ မွေးနေ့ရက်မြတ်လေးကို အခုလိုပဲ မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

" ကျွန်တော့်ရဲ့အချစ်ရဆုံးသော ညီအငယ်ဆုံးလေး ဇာတိမာန် ရေ Happy Birthday " ဆိုပြီး ရေးသားထားတာပါ။ ရွှေထူးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ညီလေးနဲ့နှစ်ယောက်တွဲရိုက်ကူးထားတဲ့ ပုံရိပ်လေးနဲ့ မွေးနေ့ဆုတောင်းပေးထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Htoo Khant's Facebook 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။