ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေနဲ့ ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ကတော့ အကယ်ဒမီမင်းသားချော မြင့်မြတ်ပဲ ဖြစ်ပါတယ်..။

ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ချစ်ဇနီးချောလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ပကာသနမဖက်ပဲ ဘဝကို ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit – Wai Myat Tun’s Facebook
Photo Credit – Wai Myat Tun’s Facebook

ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ရဲ့ သားလေး မြတ်သူလေးကလည်း ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ အနုပညာရှင်ရင်သွေးလေးတွေထဲက ပြည်သူ့အသည်းကျော်လေးဖြစ်သလို ဖေဖေမြင့်မြတ်ကလည်း နောက်ထပ် ရင်သွေးလေး ထပ်ယူဦးမယ်လို့ ပြောပြလာပါတယ်..။

သားလေးရဲ့ အနာဂတ်အတွက် အမြဲစဉ်းစားပေးဖြစ်ပြီး သားလေးကောင်းဖို့အတွက် အကောင်းဆုံး လုပ်ပေးဖြစ်ပြီး ကြီးလာတဲ့အချိန်မှာလည်း ဝါသနာပါတဲ့အလုပ်ကို ပံ့ပိုးပေးသွားမှာဖြစ်သလို “သွားချင်တာ လိုချင်တာရှိရင် ဒါပဲဆိုပြီး အဲ့ဒါမှ မလုပ်ရင် သောင်းကျန်းတယ် လက်ညိုးလေးတစ်ချောင်းကိုပဲ တော်တော်ကြောက်နေရတယ်..” ဆိုပြီးသားလေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်..။


Photo Credit – Wai Myat Tun’s Facebook
Photo Credit – Wai Myat Tun’s Facebook

သားလေးနဲ့အဖော်ရဖို့အတွက် နောက်ထပ်ရင်သွေးတစ်ယောက် ထပ်ယူဦးမှာဖြစ်ပြီး ဘာလေးရမလဲ မသေချာသေးပေမယ့် ယောင်္ကျားလေးပဲ လိုချင်တယ်ဆိုပြီး ရင်သွေးလေးတစ်ယောက် ထပ်ယူမယ့် အကြောင်းလေးကို ပြောပြထားတာပါ..။

ကြည်နူးစရာကောင်းတဲ့ မိသားစုအစီအစဉ်လေးနဲ့ သားလေးအကြောင်းကို ပြောပြလာတဲ့ ပရိသတ်အချစ်တော် မြင့်မြတ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo by Myanmarload

Photo Credit – Wai Myat Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။