ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် Mikis ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေတော်တော်များများရဲ့အားပေးဝန်းရံမှုကို ရရှိထားသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်ပြီး မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားတဲ့ Mikis က မြန်မာမလေးစုစုဝေနဲ့လည်း ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ Mikis က မြန်မာစကားကိုကောင်းကောင်း ပြောဆိုတတ်သလို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

ချစ်သူသက်တမ်းတစ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ သူတို့စုံတွဲလေးမှာတော့ Mikis က သူ့ချစ်သူမြန်မာမလေးကို အမြဲတမ်းဂရုတစိုက်နဲ့ ချစ်ပေးနေတာ ဖြစ်ပါတယ်။ Mikis တို့စုံတွဲလေးက ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ လက်တွဲတွေခိုင်မြဲပြီး ဆက်ချစ်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Mikis တို့ချစ်သူနှစ်ဦးက Facebook မှာ Live လွှင့်ရင်း ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီးစကားပြောကာ သိလိုသမျှမေးခွန်းတွေကို ဖြေကြားခဲ့ကြပါတယ်။

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

Mikis က " စုစုနဲ့ကျွန်တော်တို့ရဲ့ အိမ်အသစ်လေးမှာ ...ကြိုက်ရာမေးပါဗျာ " ဆိုပြီး Facebook မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ Mikis က အခုမှအသစ်ပြောင်းလာတဲ့ သူတို့ရဲ့အိမ်အသစ်လေးကိုလည်း ပရိသတ်တွေကိုပြရင်း နှစ်ယောက်သား ပျော်ပျော်ပါးပါး စကားတွေပြောခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းတဲ့ Live ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Mikis Weber's FB 

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။