ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အေးချမ်းတဲ့အလှတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပရိသတ်အသည်းကျော်လေးပါပဲ..။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ မေလေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ကျရာဇာတ်ရုပ်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်..။


Photo Credit - May Myint Mo’s Facebook
Photo Credit - Alinn Yaung Photography

မေလေးကတော့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခြေထောက်မသန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး အကောင်းဆုံးကြိုးစားထားတဲ့ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

အချစ်တော်လေး မေမြင့်မိုရ်ကတော့ ဇာတ်ကားရိုက်ရင်း ခြေထောက်မသန်တဲ့ အတွေ့အကြုံလေးကို ကိုယ်တိုင်ကြုံဖူးမှ အပြင်မှာတကယ် ခြေထောက်မသန်တဲ့လူတွေကို ကိုယ်ချင်းစာမိတယ်လို့ ဆိုပါတယ်နော်..။


Photo Credit - May Myint Mo’s Facebook
Photo Credit - Alinn Yaung Photography

ပူပြင်းလွန်းတဲ့ နေပူထဲမှာ အခက်အခဲတွေနဲ့ အကောင်းဆုံးကြိုးစားထားကြတဲ့ တစ်ဖွဲ့လုံးရဲ့ အမှတ်တရလေးတွေကိုလည်း မေေလေးက ချစ်ပရိသတ်တွေကို ပြောပြထားပြီး အိန္ဒြာကျော်ဇင်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ချီးကျူးပြောပြထားပါသေးတယ်..။

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အသည်းကျော် မေလေး ပြောပြထားတဲ့ အမှတ်တရအကြောင်း အင်တာဗျူး ဗီဒီယိုဖိုင်လေးကိုလည်း အချစ်တို့ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

Photo Credit - Alinn Yaung Photography ၊ May Myint Mo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။