သရုပ်ဆောင်ကျော်သူဟာ အနုပညာဘက်တွင်အောင်မြင်ရုံသာမက ပရဟိတဘက်မှာလည်း လူအများအားကျလေးစားရသူတစ်ယောက်ပါ။ သူဟာ နာရေးကူညီမှုအသင်းတည်ထောင်သူတစ်ယောက်ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း နာရေးကူညီမှုအသင်း Facebook Page မှာ သတင်းပုံရိပ်တစ်ခုတင်ထားတာပါ။ ဒါကတော့ မကြာခင်ကဆုံးပါးသွားတဲ့ မိုးလေဝသနဲ့ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ကျန်ရှိတဲ့ ရုပ်အလောင်းကိုကိုယ်တိုင်ထမ်းကာ ရေဝေးသုသာန်ကိုပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်လေးတွေပါ။

Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page

" မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၏ ဈာပနအခမ်းအနား

=================================

၂၀၁၉ နိုဝင်ဘာ(၆)

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ မိုး/ဇလညွန်ကြားရေးမှုဦးစီးဌာန CEO, Myanmar Climate Change Watch အသက်(၇၂)နှစ်၏ ဈာပနအခမ်းအနားအား ယနေ့ ညနေ(၄း၀၀)အချိန်တွင် ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့ပါသည်။

ကွယ်လွန်သူ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၏ ရုပ်ခန္ဓာအား သုဝဏ္ဏမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ကာ ပို့ဆောင်ခဲ့ကြသည်။

Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၏ နောက်ဆုံးခရီးအား မိသားစုများ ၊ ဆွေမျိုးများနှင့်အတူ တစ်နိုင်ငံလုံးရှိ ပြည်သူများက ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင် ကောင်းရာသုဂတိလားပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဆုတောင်းရင်း ကန်တော့လိုက်ရပါသည်။

သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန #FFSS " ဆိုတဲ့ သတင်းလေးကို ပရိသတ်ကြီးအတွက် အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source- နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page

Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page

Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page
Photo Credit - နာရေးကူညီမှုအသင်း - ရန်ကုန် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။