ယွန်းဝတီလွင်မိုးကတော့တစ်ခေတ်တစ်ခါတုန်းကပရိသတ်တွေကြားမှာရေပန်းစားအားပေးမှုများတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် ပုရိသတွေအတွက် စွဲမက်စရာ ကောင်မလေး တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ပါ။ အခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

ခေးလေးလို့ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးဟာ ချစ်ခင်ပွန်းနဲ့အတူ ဩစတေးလျနိုင်ငံတွင် ပညာတော်သင်သွားရောက်နေတာပါ။ သားလေးကိုတော့ ဖိုးဖိုးနဲ့ဖွားဖွားတို့က ဂရုတစိုက်ပြုစုစောင့်ရှောက်နေတာပါ။ ဖေဖေနဲ့မေမေတို့ကလည်း သားလေးကိုအမြဲ Video Call ခေါ်ကာ အလွမ်းသည်နေရတာပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံဟာ ကျောင်းပိတ်ပြီဖြစ်တာကြောင့် သားလေးနဲ့တွေ့ဆုံရန် မြန်မာနိုင်ငံကို အလည်အပတ်ပြန်လာတော့မှာပါ။ ခေးလေးတို့နှစ်ယောက်ဟာ သားလေးနဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက် ပျော်ရွှင်နေကြတာပါ။ အခုတစ်ခါမှာလည်း ချစ်ခင်ပွန်းနဲ့အတူ "Last Night in Melb “ ဆိုပြီး Instagram မှာတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Yunwaddy’s Instagram 

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။