မွေးကင်းစအရွယ်ကတည်းက မိသားစုတွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ Liam လေးကတော့ ချစ်စရာကောင်းလွန်းတဲ့ အိုင်တင်မျိုးစုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်နေတာပါ ။ ချစ်စရာကောင်းတဲ့ Liam လေးကတော့ အသက်တစ်နှစ်နဲ့သုံးလကျော်ရှိနေပါပြီ။ သားလေးဟာ အသက်ငယ်ငယ်လေးနဲ့ မေမေနဲ့အတူ ကြော်ငြာလေးတွေပါ ရိုက်ကူးနေရတာပါ။ 

Photo Credit- May Thu’s Instagram
Photo Credit- May Thu’s Instagram
Photo Credit- May Thu’s Instagram

လီလီလုံးလေးဟာ မကြာခင်ရက်ပိုင်းမှာလည်း ဖေဖေ၊မေမေတို့နဲ့တွေ့ဆုံရတော့မှာပါ။ သားလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဖွားဖွားမေသူက မှတ်တမ်းတင်ဗီဒီယိုလေးတွေရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှလေ့ရှိတာပါ။ ပရိသတ်ကြီးကလည်း သားလေးရဲ့ဗီဒီယိုလေးတွေကို တစ်နေ့တစ်ခေါက်မကြည့်ရရင်ကိုမနေနိုင်လောက်အောင်ကို ချစ်နေရတာပါ။

Photo Credit- May Thu’s Instagram
Photo Credit- May Thu’s Instagram
Photo Credit- May Thu’s Instagram

အခုတစ်ခါမှာလည်း သူ့ရဲ့ကားလေးနဲ့လည်လည်သွားဖို့ဖွားဖွားမေသူကို ခေါ်နေတဲ့ဗီဒီယိုလေးကို ဖွားဖွားမေသူရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ သားလေးဟာ စကားလေးတွေလည်း မပီကလာအသံလေးနဲ့ပြောတတ်နေတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s Instagram

Photo Credit- May Thu’s Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။