ပရိသတ်ကြီးရေ အနုပညာအလုပ်တွေမလုပ်ကိုင်တော့တဲ့ မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းဟာဆိုရင် ‌‌နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူနဲ့ချွတ်စွတ်တူတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး နောက်ထပ်လည်း သမီးလေးတစ်ယောက်ကိုမွေးဖွားဦးမှာဖြစ်လို့ မိသားစုဘဝလေးက ပိုပြီးစိုပြေသွားပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ သားကြီးpeach layက အရမ်းဆော့ပြီး သွက်လက်ထက်မြက်တဲ့ကလေးလေးဖြစ်လို့ မေမေ့အတွက်ကတော့မပျင်းရပါဘူးနော်။သဉ္ဇာနွယ်ဝင်းက သားလေးကိုလည်း သေချာပြုစုပျိုးထောင်ပေးတာဖြစ်လို့ peach layကတော့ ကျန်းကျန်းမာမာနဲ့ တစ်နေ့တစ်ခြားပိုပြီး ချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေကတော့ ချစ်ပြီးရင်းကိုချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

ဒီနေ့လေးဟာဆိုရင် Peach layရဲ့ ၂နှစ်တိတိပြည့် မွေးနေ့လေးဖြစ်ပြီး သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံရဲ့ ဘဝထဲကို သားသားလေးပထမဆုံးဝင်ရောက်လာတဲ့နေ့လေးဖြစ်ပါတယ်နော်။အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံက သားလေးအတွက် မွေးနေ့ပွဲလေးကို ကျင်းပပေးကြပြီး မိသားစုသုံးယောက် ပျော်ရွှင်ကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။