ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးကတော့ ယွန်းဝတီလွင်မိုးနဲ့ယွန်းနဒီလွင်မိုးဆိုတဲ့ သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်။နောက်ထပ်လည်း သမီးကြီးကမွေးတဲ့ မြေးချောလေး Liam လေးကိုလည်း ပိုင်ဆိုင်ထားရလို့ ဦးလွင်မိုးကအရမ်းပျော်ရွှင်ပြီး မြေးလေးကိုသေချာဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ပရိသတ်တွေကတော့ Liamလေးကို အရမ်းချစ်ကြပြီး ၁နှစ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ Liam လေးက လမ်းကောင်းကောင်းလည်းလျှောက်တတ်ပြီဖြစ်သလို စကားလေးတွေတီတီတာတာပြောတတ်လို့ အရမ်းချစ်မွှေးပါတဲ့ကလေးလေးဖြစ်ပါတယ်နော်။လွင်မိုးတို့တစ်မိသားစုလုံးက အချောတွေဖြစ်ကြလို့ သားလေးLiam ကလည်း တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပါတယ်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက သြစတေးလျမှာကျောင်းတက်နေကြတာကြောင့် သားလေးနဲ့Video Call ပြောပြီး အလွမ်းဖြေနေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကျောင်းတွေခဏပိတ်လို့ မေမေယွန်းဝတီလွင်မိုးနဲ့ဖေဖေထက်ဦးလှိုင်တို့က သားသားလေးဆီပြန်လာကြတော့မှာပါနော်။မိသားစုသုံးယောက်ဆုံဆည်းရတော့မှာဖြစ်လို့ ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့မိသားစုလေးအတွက် ထပ်တူပျော်ရွှင်မိကြမှာပါနော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

Photo Credit:yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။