တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေအရမ်းချစ်ခင်အားပေးရတဲ့ စိုးမြတ်သူဇာ စိုးမြတ်ကလျာ စိုးမြတ်နန္ဒာတို့ ညီအစ်မသုံးယောက်ဟာဆိုရင် ခေတ်တစ်ခေတ်မှာ အရမ်းအောင်မြင်ခဲ့တဲ့ မင်းသမီးတွေဖြစ်ကြပါတယ်။အခုချိန်မှာဆိုရင်တော့ စိုးမြတ်သူဇာနဲ့စိုးမြတ်နန္ဒာတို့နှစ်ယောက်သာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး စိုးမြတ်ကလျာကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပါပြီနော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

ပရိသတ်တွေကတော့ စိုးမြတ်ကလျာကို ယနေ့တိုင်ထိမမေ့သေးဘဲ အားပေးချစ်ခင်နေကြဆဲပါနော်။စိုးညီအစ်မတွေအကုန်လုံးက စိတ်သဘောထားဖြူစင်ပြီး သဘောကောင်းကြလို့ လူချစ်လူခင်ကလည်းပေါများပါတယ်။စိုးမြတ်သူဇာတို့မိသားစုက မိသားစုဝင်အချင်းချင်းလည်း စည်းလုံးချစ်ခင်ကြလို့ အရမ်းအားကျစရာကောင်းတဲ့ နွေးထွေးတဲ့မိသားစုလေးပါနော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

အခုဆိုရင်တော့ စိုးမြတ်ကလျာရဲ့မွေးနေ့လေးမှာ မိသားစုတွေစုံစုံညီညီနဲ့ အပြင်မှာညစာထွက်စားကြတာဖြစ်ပါတယ်။စိုးမြတ်သူဇာတို့ညီအစ်မတွေကတော့ တစ်ယောက်တစ်မျိုးအရမ်းလှကြပြီး စိုးမြတ်ကလျာကလည်းယနေ့အချိန်ထိလှပနေဆဲပါနော်။ပရိသတ်ကြီးလည်း မိသားစုစုံစုံလင်လင်နဲ့ပျော်ရွှင်နေကြတဲ့ စိုးမြတ်သူဇာတို့မိသားစုရဲ့ပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

Photo Credit:Soe Kyi Phyu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။