တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ အနုပညာရှင်ကတော့ အဆိုတော်အုပ်စိုးခန့်ပဲ ဖြစ်ပါတယ်နော်..။

လူငယ်အနုပညာရှင်ဖြစ်တဲ့အတိုင်း အမိုက်စားသီချင်းစာသားလန်းလန်းလေးတွေနဲ့ အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - OakSoe Khant’s Facebook
Photo Credit - Amazing Grace Photopraphy

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ပြီး လတ်တလောမှာလည်း “ကျောင်းသင်ပုန်းတွေမိုးထားတဲ့ အိမ်” ဇာတ်ကားကို မိုရီဆာကီဝင်း၊ နေခြည်ဦးတို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်နော်..။

အုပ်စိုးခန့်ကတော့ ဇာတ်ကားအတူရိုက်ကူးရင်း မောင်နှမတွေလို ခင်မင်ရင်းနှီးလာတဲ့ နေခြည်ဦးအကြောင်းကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit - Amazing Grace Photopraphy
Photo Credit - Amazing Grace Photopraphy

“မချီနဲ့ Type တူပြီး ခဏခဏစတယ် အရမ်းတော်တယ် အသစ်နဲ့ မတူတော့ဘူး အရမ်းကြိုးစားတယ် အရမ်းလည်းတော်ပြီး လေးစားတယ် မောင်နှမအခန်းတွေမှာလည်း အပေးအယူမျှပြီး အိမ်က အစ်မတွေနဲ့ မောင်နှမတွေပြောသလိုပဲ ပြောကြတယ်..” ဆိုပြီး ပြောပြထားတာပါ..။

လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေကြပြီး အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်ကာ သီချင်းတွေလည်း အများကြီးလုပ်ဖြစ်နေတဲ့အကြောင်းလေးကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace Photopraphy
Photo Credit - Amazing Grace Photopraphy

Photo Credit - OakSoe Khant’s Facebook ၊ Amazing Grace Photopraphy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။