ဝါသနာတူအနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်ရင်း ပျော်ဖွယ်စရာကောင်းလှတဲ့အချစ်ခရီးလမ်းလေးကိုအတူတကွလျှောက်လှမ်းနေကြသူတွေကတော့ ဝါဆီုမိုးဦးတို့စုံတွဲလေးပါ။ သူတို့အတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက်အမြဲလိုလိုဘေးမှာရှိနေတတ်ပြီး ဘယ်သွားသွားမခွဲဘဲအမြဲတူတူရှိနေတတ်တာပါ။ သူတို့နှစ်ယောက်လုံးကတော့အနုပညာလောကမှာပရိသတ်အခိုင်အမာရထားတဲ့သူတွေပါ။

Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook

ချစ်သူသက်တမ်းသုံးနှစ်ကျော်လာခဲ့ပြီဖြစ်တဲ့သူတို့စုံတွဲလေးကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့စုံတွဲလေးပါပဲ။ သူတို့နှစ်ဦးကတော့ ဝါသနာလည်း အလုပ်လည်းတဲ့ပြီး စိတ်တူကိုယ်တူချစ်သူတွေဖြစ်တာကြောင့် မကြာခဏခရီးတွေသွားပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေဖန်တီးနေကြတာပါ။ သူတို့အတွဲလေးဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူတွေပါ။

Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook

အခုမှာလည်း ဝါဆိုမိုးဦးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ " သူနေမကောင်းရင် အရစ်လုပ်ပြီ တစ်ချိန်လုံးရစ်

ဘာရစ်နေမှန်းကိုမသိတာ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Warso Moe Oo’s Facebook 

Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook
Photo Credit- Phyo Lay’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။