ပရိသတ်ကြီးရေ မင်းသမီးချောလေးခိုင်သင်းကြည်ကတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားလို့ ‌အမြဲစိတ်ချမ်းသာပြီး လှပနုနယ်နေတာဖြစ်ပါတယ်။သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် မိသားစုသုံးယောက်က ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်နော်။ပရိသတ်တွေကလည်း မခိုင်လေးတို့တစ်မိသားစုလုံးကို အားပေးချစ်ခင်ကြပါတယ်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

စံထိပ်ထားဦးဆိုလည်း မေမေ့လိုအနုပညာကိုဝါသနာပါတာကြောင့် အနုပညာအလုပ်တွေကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေပြီး ပရိသတ်တွေကလက်ခံကြိုဆိုကြပါတယ်။ခိုင်သင်းကြည်တို့မိသားစုလေးက အေးအတူပူအမျှနဲ့ ချစ်ချစ်ခင်ခင်နေထိုင်ကြလို့ အားကျစရာမိသားစုလေးပါ။ခိုင်သင်းကြည်ရဲ့ ခင်ပွန်းကလည်း သမီးနဲ့ဇနီးအပေါ်ကိုကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ခင်ပွန်းပါနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

အခုဆိုရင်တော့ မခိုင်လေးတို့ဇနီးမောင်နှံက တောင်ကြီးဘက်ကိုခရီးထွက်သွားတာဖြစ်ပါတယ်။ယခုချိန်မှာဆိုရင် တောင်ကြီးတန်ဆောင်တန်မီးပုံပျံပွဲတော်လည်း ရှိတာကြောင့် အရမ်းလူစည်ကားနေပါတယ်။မခိုင်လေးကလည်း ချစ်ခင်ပွန်းအတူ အလည်အပတ်ခရီးလေးမှာ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Photo Credit:Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။