ကျရာဇာတ်ရုပ်တိုင်းကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်း အပြည့်အဝရှိတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ ယနေ့တိုင်အောင် အောင်မြင်မှုများစွာကို ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့အပြင် ချစ်ခင်ပွန်းနဲ့သမီးလေးအပေါ်မှာလည်း တာဝန်ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB

အလုပ်တွေမအားမလပ်ဖြစ်နေတဲ့ ခိုင်သင်းကြည်က အခုလိုတန်ဆောင်တိုင်ပိတ်ရက်မှာတော့ ခင်ပွန်းနဲ့အတူ နှစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ်။ ခိုင်သင်းကြည်က တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်မယ့် ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ ခရီးထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံက ဘဝသံသရာတံတားကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB

ခိုင်သင်းကြည်က '' လူရယ်လို့ဖြစ်လာတော့လဲကိုယ့်ကိုချစ်တဲ့ကိုယ်ကချစ်တဲ့မိသားစု,ဆွေမျိုး,ပရိတ်သတ်တွေကိုယ့်ကိုခင်တဲ့ကိုယ်ကခင်တဲ့လုပ်ဖေါ်ကိုင်ဖက်,မိတ်ဆွေ,သူငယ်ချင်းတွေကိုယ့်ကိုမုန်းတဲ့သူတွေတချို့နဲ့ဘဝသံသရာခရီးရှည်ကြီးမှာပျော်တခါစိတ်ညစ်တလှည့်ဝမ်းသာတခါဝမ်းနည်းတလှည့်နဲ့ခရီးဆက်နေရဦးမှာဘဲလေ“ဘဝသံသရာတံတား”ရောက်အမှတ်တရ'' ဆိုပြီး ပုံလေးတွေလည်းတင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်တို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Khine Thin Kyi's FB

Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB
Photo Credit -Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။