စံရတီမိုးမြင့်ဆိုတာနဲ့ ချစ်စရာကောင်းလောက်အောင်လှနေတဲ့မင်းသမီးချောလေးကိုပြေးမြင်မိကြမှာပါ။အနုပညာလောကမှာလည်းပရိသတ်တွေသာမကအနုပညာရှင်မောင်နှမတွေကချစ်နေရတဲ့သူတစ်ယောက်ပါ။ သူမကတော့ချစ်စရာကောင်းရုံသာမကစိတ်ထားလေးကပါဖြူစင်တာကြောင့်ပရိသတ်တွေအချစ်အပြည့်နဲ့အောင်မြင်နေတာပါ။

Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook

သူကတော့လတ်တလောမှာအနုပညာလှုပ်ရှားမှုများစွာနဲ့ အလုပ်တွေရှုပ်နေတာပါ။ ကြော်ငြာဓာတ်ပုံလေးတွေကိုအများဆုံးရိုက်ကူးနေရပြီးပုံရိပ်တိုင်းကလည်းမကြည့်ပဲမနေနိုင်လောက်အောင်ကိုအလှတွေပိုနေတာပါ။ ယောက်ျားလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေကပါသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုချစ်နေရတာပါ။

Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook

အခုမှာလည်း သူမကို သတို့သမီးအရံအဖြစ်တွေ့မြင်ရမှာပါ။ သူမဟာ Examplez အဖွဲ့ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ သက်အောင်ရဲ့မင်္ဂလာဧည့်ခံပွဲလေးကို အဆိုတော်ထွန်းထွန်းနဲ့အတူ သတို့သမီးအရံအဖြစ်ပါဝင်အားဖြည့်ပေးခဲ့တာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ဒီနေ့လဲတစ်ပွဲ.. အရမ်းတွေကျိန်းကြေနေပြီ " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် သူ့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Sanyati Moe Myint’s Facebook 

Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook
Photo Credit- San Yati Moe Myint’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။