ပရိသတ်ကြီးရေ မင်းသားချော‌‌လေး ဟိန်းဝေယံကတော့ တစ်ခေတ်တစ်ခါကတည်းက ပျိုမဒီလေးတွေအသည်းစွဲအားပေးလာရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ငြာတွေအများအပြားရိုက်ကူးခဲ့ပြီး အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးကာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook/Amazing Grace

ဟိန်းဝေယံက ယနေ့ချိန်ထိလည်း ခန့်ညားချော‌မောနေဆဲဖြစ်ပြီး အသားအရည်လေးကအစကြည်လင်ဝင်းပလို့ မိန်းကလေးတွေတောင်အားကျရပါတယ်နော်။စိတ်ထားဖြူစင်ပြီး သဘောကောင်းကာ လူတိုင်းကိုဖော်ရွေစွာဆက်ဆံတတ်လို့လည်း ပရိသတ်တွေက သူ့ရဲ့စိတ်ဓာတ်လေးကို သဘောကျပြီး အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။

Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook

စိတ်စေတနာကောင်းတာကြောင့် ကုသိုလ်ရေးဆိုလည်း အမြဲလှုပ်ရှားတတ်တဲ့ ဟိန်းဝေယံက အခုဆိုရင်တော့ ကထိန်အလှူပဒေသာပင်အတွက် လုပ်အားပေးအလှူလေးနဲ့ ပါဝင်ကုသိုလ်ယူနေတာဖြစ်ပါတယ်။အင်္ကျီအဖြူလေးနဲ့ပုဆိုးလေးကို ဝတ်ဆင်ထားပြီး ရှင်းသန့်တည်ကြည်ခန့်ညားကာ စိတ်ရှည်လက်ရှည်နဲ့ ပဒေသာပင်ပြင်ဆင်နေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook
Photo Credit:Heinn Wait Yan' Facebook

Photo Credit:Heinn Wait Yan' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။