ပရိသတ်ကြီးရေ ရိုးရှင်းပွင့်လင်းစွာ နေထိုင်တတ်တဲ့ စမိုင်းလ်ကတော့ သိပ်ချစ်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားလို့ အိမ်ထောင်ကျကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။စမိုင်းလ်က သမီးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပေါ်ရှာနဲ့ ကလိုဝီတို့ညီအစ်မနှစ်ယောက်ကတော့ မေမေ့လိုပဲ အနုပညာကိုဝါသနာပါတဲ့သူတွေပါနော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနေထိုင်ကြပြီး နားလည်မှုအပြည့်နဲ့ ရွှေလက်တွဲနေကြတာပါနော်။အခုဆိုရင်တော့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က အလုပ်ကိစ္စနဲ့ ခရီးထွက်နေကြတာဖြစ်ပါတယ်။မလေးရှားနဲ့အိန္ဒိယဘက်ကို ရောက်ရှိနေပြီး ချစ်ခင်ပွန်းအလုပ်ကိစ္စပြီးချိန်မှာ ပျော်ပျော်ပါးပါး လျှောက်နေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

စမိုင်းလ်က အိန္ဒိယပြည်ရဲ့ အထင်ကရနေရာလေးတွေကို ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေပြီး အိန္ဒိယရိုးရာဝတ်စုံလေးကို ဆင်မြန်းထားတာပါနော်။ဘောလိဝုဒ်မင်းသမီးလေးလို အရမ်းလှနေပြီး ဆာရီနဲ့ အရမ်းလိုက်ဖက်နေကာ ပရိသတ်တွေတောင်လူမှားသွားရမယ့် ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

Photo Credit:စမိုင်းလ် Smile's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။