ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကိုလုပ်ကိုင်လာတာ ၂၀စုနှစ်ထက်မနည်းရှိနေပြီဖြစ်တဲ့ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ ဇာတ်ကားတွေမှာလည်း အတူတူပါဝင်သရုပ်ဆောင်ကြသလို ကြော်ငြာတွေလည်းတွဲဖက်ပြီးရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေရဲ့အမြင်မှာ အတွဲညီတဲ့ အနုပညာရှင်နှစ်ဦးလို့ သက်မှတ်ထားကြတာဖြစ်ပါတယ်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

နေတိုးကလည်း မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို အူဝဲကလည်း ထိပ်တန်းမင်းသမီးစာရင်းဝင်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။အူဝဲက အေးဆေးတည်ငြိမ်စွာနေထိုင်တတ်ပြီး သဘောမနောကောင်းလို့ လူချစ်လူခင်ပေါများပါတယ် ။နေတိုးကတော့ ရိုးသားအေးဆေးပြီး လူတိုင်းအပေါ်ကူညီတတ်တဲ့ မင်းသားချောတစ်ယောက်ပါနော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

အူဝဲနဲ့နေတိုးတို့ အတူတူရိုက်ကူးခဲ့ကြတဲ့ Box88 ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေကြားအရမ်းရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။အနုပညာမောင်နှမနှစ်ယောက်က အားသွန်ခွန်စိုက် အတူတူကြိုးစားခဲ့ကြပြီး ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

Photo Credit:Nay Toe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။