င့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ အေးမြတ်သူက သွယ်လျလှပတဲ့ ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ အသက်(၃၀)ကျော်အရွယ်အမျိုးသမီးလေးလို့ မထင်ရအောင်ကို နုပျိုလှပနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူက မြန်မာဝတ်စုံလေးနဲ့ အမြဲတမ်းယဉ်ကျေးသိမ်မွေ့စွာ လှနေတတ်တာ ဖြစ်ပါတယ်။

Photo Credit- Aye Myat Thu's FB
Photo Credit- Aye Myat Thu's FB
Photo Credit- Aye Myat Thu's FB

အလှူအတန်းရက်ရောပြီး စိတ်သဘောထားနူးညံ့တဲ့ အေးမြတ်သူက ဒီနေ့တန်ဆောင်မုန်းလပြည့်နေ့မှာတော့ ကုသိုလ်ယူဖြစ်ခဲ့ပါသေးတယ်။ အေးမြတ်သူက ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီး ထီးတော်တင်လှူပွဲမှာ တစ်တက်တစ်အား ပါဝင်ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ အေးမြတ်သူက အစိမ်းရင့်ရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာ လှချင်တိုင်းလှနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Aye Myat Thu's FB
Photo Credit- Aye Myat Thu's FB
Photo Credit- Aye Myat Thu's FB

အေးမြတ်သူက'' ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ.. ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး....ထီးတော်တင်လှူပွဲသို့ ကုသိုလ်ယူခွင့်ရခဲ့ပါတယ် နေ့ထူးနေ့မြတ်ကြီးမှာ စေတနာရှင်အလှူရှင်ကြီးများရဲ့ သဒ္ဓါတရားတွေကို မုဒိတာပွားကုသိုလ်ယူရင်း သဒ္ဒါစိတ်တွေကြောင့် ကုသိုလ်တွေပြုမိနေရင်း ငြိမ်းချမ်းနေတဲ့ ကုသိုလ်နေ့ရက်လေး ပိုင်ဆိုင်ခဲ့ပါပြီ...ကိုယ်တိုင်အလှူကြီးမလှူနိုင်သေးပေမယ့် အလှူကြီးတွေကို မုဒိတာပွားရင်း ကုသိုလ်ယူနေမိပါတယ် တနေ့နေ့တချိန်ချိန် မှာတော့ ကျမချစ်ရသူ တန်ဖိုးထားရသော မိသားစု နဲ့ အလှူကြီးပြုခွင့်ရအောင် ကြိုးစားပါ့မယ် '' ဆိုပြီး ပုံလေးတွေကိုမျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Aye Myat Thu's FB

Photo Credit- Aye Myat Thu's FB
Photo Credit- Aye Myat Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။