မင်းသမီးချောလေး သန္တာဗိုလ်ကတော့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးအချင်းချင်းတောင် အားကျနေရတာ ဖြစ်ပါတယ်။ မော်ဒယ်၊သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ သန္တာဗိုလ်က အခုနောက်ပိုင်းမှာတော့ ကြော်ငြာနဲ့ Photo Shooting တွေပိုမိုရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုလှလာတဲ့ သန္တာဗိုလ်က အမိုက်စားဖက်ရှင်လေးတွေနဲ့ အမြဲအထာကျနေတာ ဖြစ်ပါတယ်။

Photo Credit -Thandar Bo's FB
Photo Credit -Thandar Bo's FB

အချစ်ရေးနဲ့ပတ်သက်ရင်လည်း သန္တာဗိုလ်က သရုပ်ဆောင် မင်းသားကောင်းပြည့်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝကိုရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၇)နှစ်ကျော်ရှိနေပြီဖြစ်တဲ့ သူတို့စုံတွဲလေးက အခုချိန်ထိ သစ္စာမပျက်ဘဲ လက်တွဲခိုင်မြဲနေကြတာ ဖြစ်ပါတယ်။ အခုတော့ သန္တာဗိုလ်က သူများစုံတွဲလေးတွေကိုကြည့်ရင်း အားကျနေရကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit -Thandar Bo's FB
Photo Credit -Thandar Bo's FB
Photo Credit -Thandar Bo's FB

သန္တာဗိုလ်က ''သူများ မင်္ဂလာဆောင်တွေတက်ရင်း ကြည့်ရင်း ကြည်နူး အားကျနေပါပြီနော်'' ဆိုပြီး ပရိသတ်တွေကိုပြောပြထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သန္တာဗိုလ်က မင်္ဂလာပွဲတစ်ခုကိုတက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကိုလည်း တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သန္တာဗိုလ်ရဲ့ ပွဲတက်အလှပုံလေးတွေကိုလည်း ပြနိလည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Thandar Bo's FB

Photo Credit -Thandar Bo's FB
Photo Credit -Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။