မိန်းမလျာပြကွက်မပါ၊အဓိပ္ပယ်နှစ်ခွပြောစကားများမပါ၊ဇာတ်လမ်းဇာတ်ညွှန်းခိုင်မာစွာဖြင့်မြန်မာလူမျိုးဆို့၏ကိုးကွည့်ဘာသာ၊ယဉ်ကျေးမှုများဖော်ထုတ်ပေးစွမ်းနိုင်တယ်ဆိုပြီးတော့“၀ိညာဉ်စိမ်း”ဇာတ်ကားကို ချီးမွမ်းအသိအမှတ်ပြုလိုက်ကြောင်းသိရှိရပါ တယ်။အဆိုပါအသိအမှတ်ပြုမှုကို ရုပ်ရှင်ဆင်ဆာပွဲ ပြသအပြီးမှာထွက်ပေါ်လာခဲ့တာပါ။

Myanmar Media 7 ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးခဲ့သည့် ၀ိညာဉ်စိမ်းရဲ့ဇာတ်လမ်းကို ရွှေမန်း( ချမ်းသာ) ကရေးသားထားပြီး ဇာတ်ညွှန်းကို ငြိမ်းမင်းက ရေးသားထားပါတယ်။ ၀ိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ဇော်ဦး၊ ဇော်ဝင်းနိုင်၊ မေတ္တာ၊ ကင်းကောင်၊ K ညီ၊ မွန်လေး၊ ဂွမ်းပုံကြီး စတဲ့ သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

အဆိုပါ အသိအမှတ်ပြုမှတ်ချက်နဲ့ပက်သတ်ပြီးတော့ ဒါရိုက်တာဝင်းထွန်းထွန်းက

“ ကျွန်တော် အနုပညာ ပြချက် အတွက်

ဒါရိုက်တာ ကြေး မယူ ဘဲလည်း ဇာတ်ကား များစွာ

ရိုက်ခဲ့ ဘူးပါရဲ ့။

အနုပညာ ပြချက်လေး ပို လို ့စစ်မှန်စေဖို ့ ကိုယ် ငွေ ကို ပြန်ထည့်

ရိုက်ခဲ့ဘူးပါ ရဲ ့။

ကိုယ် ဖန်တီးထားတဲ့ အနုပညာ ကို ပထမ တစ်ကြိမ် ဖျက်ဆီးလို ့

နှောင့် နှေး စေခဲ့သူ ခုတစ်ခါ ဒုတိယ အကြိမ် စော်ကားခွင့် မပေး

နိူင်လို ့ ငါ ပိုက်ဆံ ငါစိုက်လို ့ပြင်ဆင်ခွင့်လေး ပေးပါ ဆိုတာတောင်

အခွင့် အရေး က မှုန်းဝါး ဝါး။

စိတ် ကို တည်ငြိမ်အောင် ထိန်းလို ့

လက်တွဲ ဖေါ် ကင်မရာ တစ် လုံး နဲ ့

လူတွေ နဲ့ ဝေးရာ ထွက်လာခဲ့မိတယ်။

ကျွန်တော့် တစ်ဘဝလုံး အနုပညာ ပြချက် အတွက်

ဖိနပ် ပါးအောင်းရုန်းကန် နေခဲ့ရ ဆယ်စုနှစ် (၂)ခု တိုင်ခဲ့ပါပြီ။

ကျွန်တော့်ဇာတ်ကားတွေ ရုံမတင်နိုင်တာ နှစ်ချီလာတော့

အားပေးသံတွေတိတ်ဆိတ် နေချိန်မှာ (ပြုံးရွှင်ရေပျော်ရဲ ့လား)

ဇာတ်ကားလေး အတွက်တစ်ကြိမ်။

ယခု ဒုတိယ အကြိမ် (ဝိညာဉ်စိမ်း)အတွက်

ဆင်ဆာ ရှိူး အပြီး ချီးကျုး သံတွေ ကြားရတာ

ညစ်နေတဲ ့စိတ်လေး ခေါင်းပြန်မော့ ခဲ့ပါတယ်။

အားပေးစကား လှမ်းပြော ပေး တဲ ့အတွက်

အထူးကျေးဇူးတင်ပါတယ်..” လို့ သူ့ဖေ့ဘွတ်မှာတင်ထားပါတယ်။

Source: ဒါရိုက်တာဝင်းထွန်းထွန်းဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။